လှောင်အိမ် (Uni)

4.2K 117 47
                                    

သူမ လှုပ်ရှားလိုက်တိုင်း အနည်းငယ်တုန်ခါမိ့တိုင်း သူမ ခန္ဓာကိုယ်ကပါ သေမတတ်နာကျင်ရသည် ။ သူမ ဆံနွယ်တို့မှာ မနေ့ညက ညှင်းပန်းနှိပ်စက်ထားမှုကြောင့် ချွေးတွေနှင့်အတူ နဖူးမှာကပ်နေသည်။ သူမနှုတ်ခမ်းလေး တုန်လှုပ်မှုနှင့်အတူ မျက်လုံးလေးတွေပါ အရောင်လက်သွားသည်။ သူမနေတဲ့ အခန်းက ဗလာချင်းဖြစ်နေပြီး မြေအောက်ခန်းလေးတခုဘဲ။ သူမဒီကိုရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ သူမ မသိပေ။

သူမ မျက်လုံးတွေကို ကြည့်လျှင် အမြဲ အခန်းထောင့်ငယ်လေးမှာ အထီးကျန်စွာ တယောက်တည်းနေခြင်း၊ အမှောင်ထုရဲ့ဒဏ်ကို ကြံကြံခံခြင်း ၊ ကိုယ့်ကိုယ်ကိုတတ်နိုင်သမျှ အမြဲ သန့်သန့်ရှင်းရှင်းနေထိုင်နေခြင်း စသည်တို့ကို ဝမ်းနည်းစွာဖွယ် တွေ့မြင်နိုင်သည်။ သူမနေတဲ့ မြေအောက်ခန်းက လှောင်အိမ်မှာ သူမကို အမြဲ ညှင်းပန်းနှိပ်စက်မှုတို့နှင့်အတူ သော့ပိတ်ထားသည်။ တခါတရံ ပိုးကောင်တွေနဲ့ နှိပ်စက်ခြင်း၊ ကြောင်စာများ အတင်း စားခိုင်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ သေမတတ်ဖြစ်အောင်ရိုက်ခြင်း စသည်ဖြင့် နှိပ်စက်မှုများကြောင့် သူမရဲ့ ခန္ဓာကိုယ်မှာ တောင့်ခံနိုင်တဲ့ စွမ်းအားမရှိတော့ပေ။

သူမမှာ ငိုခွင့် လုံးဝ (လုံးဝ) မရှိပေ။ အတတ်နိုင်ဆုံး အသံမထွက်အောင်နေရသည် ။ တယောက်သောသူက သူမ ငိုသံ ဒါမှမဟုတ် သူမ အသံကို ကြားတာနဲ့ သူမကို ချက်ချင်း နှိပ်စက်တတ်သည်။ သူမ အသံထွက်လာသည်နှင့် မျက်နှာဖုံးနှင့် အမျိုးသားက သူမကို နှိပ်စက်လိမ့်မည်။

'ဟေ့ ထခဲ့စမ်း...'

အသံဩရှရှနှင့် အမိန့်ပေးလိုက်သော အသံတို့...။ သူမ လက်ချောင်းလေးတွေ စတင် လှုပ်ရှားလာသည် ။ သူမရဲ့ အားနွဲ့နေတဲ့ ခန္ဓာကိုယ်ကို အားပြုရင်း လှောင်အိမ်နားသွားလိုက်သည်။ သူမလက်တွေက သံတိုင်တွေကြားကနေ ထိုအမျိုးသားကို လက်ဖြန့်ပြသည်။ သူမကို ခွေးတကောင်ကဲ့သို့ အပြုမူဖြစ်အောင် ထိုအမျိုးသားက သင်ကြားထားသည်။

'လိမ္မာတယ် ငါခေါ်တိုင်း မင်းလက်တွေ ပြရမယ် မင်းမျက်နှာကို ကြမ်းပြင်မှာ ကပ်ထားလိုက်'

ပန်းချီကားတစ်ချပ် (completed)Where stories live. Discover now