'စိတ်မရှိနဲ့နော် Brown ညဘက်ကြီး အဖော်ဖြစ်အောင် အတင်းခေါ်ရလို့'
'ကိစ္စမရှိဘူး ကျနော်လည်း ဘေးခန်းရောက်နေတာကြောင့်ပါ'
'လာလည်တာလား' အအေးခွက်လေး Brownလက်ထဲ ကမ်းပေးကာ မေးတော့
'ဟင့်အင်း မင်းကို စိတ်မချလို့ ရောက်နေတာ'
သူမ နားရွက်လေးတွေ ရဲတက်လာပြီး
'Brownကလည်း'
'Elleဘေး အိပ်မှဘဲရမယ် အိမ်မှာ ရှင်နဲ့ဆန့်မဲ့ ဆိုဖာမရှိဘူး အောက်မှာအိပ်ဖို့ကျ အိပ်ယာခင်းအပိုလည်းမရှိဘူး'
သူမ သဘောကျတဲ့သူကိုကျ လိုလိုလားလား ရက်ရောနေတဲ့ Elleကို Faithသည်းမခံနိုင်တော့။ သူမ မမြင်ရတိုင်း လုပ်ချင်တာလုပ်နေတာများ…
________________________
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်။ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ လူနှစ်ယောက် ။ Faithလက်ချက်ကြောင့် အိပ်နေတာဆို ပိုမှန်မည်။
'Elle ထတော့ မင်းနဲ့ စာရင်းရှင်းစရာရှိတယ်'
အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ပွတ်ကာ နှိုးလာတဲ့သူမဟာ စတင်ပြီး
'အမေကတမျိုး သားကတမျိုး ဘာလဲ ဘာပြောဖို့လဲ'
သူကို ပြန်ပြောရဲလာတဲ့ Elleကို Faithသဘောမကျ။
'ကိုယ်နဲ့ လက်ထပ်'
'Faith ရှင်နဲ့ ကျမက ဘဝခြားနေပြီ ရှင်နဲ့ သက်ဆိုင်ရာ မသွားဘူးဆိုလည်း ကျမကို ဟိုဟာလုပ် ဒီဟာလုပ် မတိုက်တွန်းပါနဲ့လား တောင်းပန်ပါတယ်'
'Brownမင်းကိုကြည့်တဲ့ အကြည့်တွေ ငါမသိ့ဘူး ထင်နေလား Elle'အော်ခံလိုက်ရတာကြောင့် သူမ ကိုယ်လေး တုန်လှုပ်သွားကာ
'ငါ အမြဲ အကုန်လုံးသိ့တဲ့ Elle မင်းနောက် အရိပ်လိုလိုက်နေလို့ ငါ အကုန်လုံး သိ့တယ်'
'ကျမကို လွတ်လပ်ခွင့် ပေးပါလား Faithရယ် ကျမ ရှင်နဲ့ လက်မထပ်ပါရစေ'
'မရဘူး Elle ကိုယ်မင်းကို သဘောကျတယ်'
Faithဟာ အမြဲ သူ စိတ်တိုင်းကျ သူစိတ်အလိုရှိရာအတိုင်း သူမကို ကိုင်တွယ်သည်။ လည်ဂုတ်ကနေ ဆုပ်ကိုင်ကာ သူမနှုတ်ခမ်းတွေကို တိုက်ခိုင်းပြန်သည်။
'ကိုယ့်ကို မငြင်းနဲ့ Elle '
