မောင်က သူ့လင်ငယ်ဆီ ပုံမှန် တစ်လမှာ၂ခါဘဲ သွားတတ်ပေမဲ့ ခုတလော ခဏခဏသွားနေတယ် မုန်းလိုက်တာ
ဒီကောင်မကြီးကကော မောင့်အတွက် ဘာလဲ?လက်ထပ်ထားတယ် လိင်ကိစ္စမပါဘဲအတူနေတယ် ဆိုတာကလွဲရင် ဒီကောင်မကြီးက မောင့်အတွက်
ဘာတုန်း"အမ... မောင့်အနမ်းတွေကိုတောင် မတုံ့ပြန်တော့ပါလားစိတ်ဆိုးနေတာလား"
ကျွန်မမေးလိုက်ချင်တာပေါ့ မောင့်ကို နှစ်ယောက်ထဲက
တယောက်ရွေးဆိုပြီး သေချာပေါက်သိနေတာ ကျွန်မကျန်ခဲ့မှာဆိုတာကို ၅နှစ်တာ သံယောဇဉ်ဆိုတာလည်း အလကားဘဲလေ"အမတို့ ခရီးတစ်ခု အတူသွားမလား ရှေ့အပိတ် ရုံးပိတ်ရက်တွေရှိတော့ အနားယူရအောင်လေ"
သည်လိုနဲ့ ရုံးပိတ်ရက် တောင်ကြီးဘက် ခရီးထွက်ဖစ်တယ် ကျွန်တော် သတိထားမိ့တာပေါ့ အမက ကျွန်တော်ကို စိတ်ကုန်နေပြီဆိုတာ အမ စကားတွေနည်းလာတယ် အိမ်ပြန်လာရင် အိမ်အဝထိထွက်ကြိုတတ်တဲ့ အမက အိမ်အဝမပြောနဲ့ ဧည့်ခန်းထဲတောင်ထွက်မလာပေ အခန်းထဲအောင်းနေပြီး cigaretteတွေသောက်ရင်း ကောင်းကင်ကို ငေးကြည့်နေတတ်တယ်
အမက ကျွန်တော်တယောက်ကလွဲရင် ဘယ်ယောက်ျားနဲ့မှ မပတ်သတ်တတ်ဘူး ဒါပေမဲ့ ခု ဟိုတယ် အဝမှာ အမနဲ့ စကားပြောနေတဲ့ အကောင်က ဘယ်သူတုန်း အနားရောက်တော့ မကြားတကြား ကြားလိုက်တဲ့စကားက "ညနေတွေ့ရအောင်တဲ့"
"မောင် မကြိုက်ဘူး တခြားသူတွေနဲ့ စကားပြောတာ"
ထုံးစံအတိုင်း ကျွန်တော် စကားတွေကို စောက်ဂရုမစိုက်တတ်တဲ့ အမက အဝတ်အိတ်ထဲက သူ့အဝတ်စားတွေကို ထုတ်ပြီးနေရာချနေတယ် အဝတ်စားတွေက ပွဲတက် ဝတ်စုံတွေဘဲ များနေသလို အမပုံစံက အတော်ပြောင်းလဲလာတယ်
"အမ အဲ့ကောင်လေးနဲ့ dateမလို့ ခဏနေကျရင် "
"..."
နှုတ်ခမ်းပါးပါးလေးကို နှုတ်ခမ်းနီ နီညိုရောင်ဆိုးထားတဲ့ အမဟာ သိပ်လှလွန်းတယ် ဂါဝန် အရှည် ရင်ဟိုက်နဲ့ ကျွန်တော်အတွက်တောင် မဝတ်ပေးတဲ့ အမက သူစိမ်းယောက်ျားအတွက် ဝတ်ထားတယ်