" တခြားVampire?? ငါမသိဘူး... ငယ်ငယ်တုန်းကclanမှာ သူတို့တွေမရှားဘူးဆိုပေမယ့် အခုလိုနေလာခဲ့တဲ့ တစ်လျှောက်လုံး ငါ့ဘေးမှာKrisကလွဲ တခြားဘယ်vampireမှ မရှိခဲ့ဖူး မရင်းနှီးခဲ့ဖူးဘူး... တခါတလေမှ ခရီးသွားဟန်လွဲ အမှတ်မထင် တွေ့ရတတ်တာ..."
OhSehunဆီက ကြားရတဲ့ အားပြတ်စရာစကား... သူသိတာလည်း Yiyunနဲ့ Henryနှစ်ယောက်တည်း... ဒါပေမယ့် သူတို့က ဒီကထွက်သွားကြပြီပဲမဟုတ်လား... အကယ်၍ ဒီမှာရှိနေရင်တောင် ကူညီပါမယ်လို့ သိပ်မျှော်လင့်မရဘူးမလား... ထွက်သွားကြပြီလေ... နောက်ထပ်တစ်ကြိမ် yiyunသူ့ကို ထားခဲ့ပြန်တာပဲ...
" ဘာလဲ... KRISကိုကယ်ဖို့ 1%ထဲမှာ အဲ့ဒါရောမျှော်လင့်လို့ရတာလား "
တစ်ခုခုကို တွေးလိုက်မိသလို ခပ်ဆဆပြောလာတဲ့ Sehunမျက်ဝန်းက မျှော်လင့်ချက်တို့ တဖျတ်ဖျတ်လက်လျက်... Chenစိတ်ထဲ အတော်အားနာသွားသည်... ဘာလို့များ ပြောလိုက်မိတာပါလိမ့်... သူလည်း သေချာသိတာမဟုတ်ပဲနဲ့လေ...
" မဟုတ် မဟုတ်ပါဘူး ဒီတိုင်း တွေးမိတာလေးရှိလို့ပါ "
" ဘာလဲ... yahh ပြောလေ "
" ဟို... "
" Kim Jongdae "
" ar arni... မေ့လိုက်တော့... ဘာမှမဟုတ်ဘူး ဒီတိုင်းပဲ မေးမိတာ "
အလိုမကျစွာ တွန့်ချိုးသွားတဲ့ Sehunမျက်ခုံးတွေ... တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတစ်စုံက ထပ်မလှုပ်ရှားလာ ဘာစကားမှထပ်ထွက်မလာတော့...
Chenလည်း ပညာနည်းလွန်းတဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်မိသည်... သူတတ်နိုင်တာ ဘာမှမရှိ... ဒီနေရာမှာ သူကအပိုလူသက်သက်သာ... စာတွေကုန်းရုန်းလေ့လာခဲ့သမျှက သူတို့လောကမှာ အသုံးမဝင်... ရူးရူးမိုက်မိုက်နဲ့ နှလုံးသားနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ဒီလောကကို မတွေ့တွေ့အောင်ရှာ ဇွတ်တိုးဝင်ခဲ့တာ... သာမန်လူသားတွေကြားမှာလည်း သူက လူ့ခွစာသက်သက်သာ... ကိုယ့်ကိုယ်ကို ဘာလဲတောင် စဉ်းစားမရချင်တော့......
မြေအောက်အိမ်ခန်းလေးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ...
သန်းခေါင်ကျော်နှစ်ချက်တီးခန့် ဝင်းပပလရောင်အောက်က မြို့လေးလည်း အေးချမ်းစွာ အိပ်မောကျနေလေပြီ...