Sehun အပြင်ကပြန်လာလာချင်း အေးစက်တဲ့လေထုကပဲ အိမ်ထဲမှာ ကြီးစိုးနေသည်... ခပ်မှောင်မှောင်အခန်းတွေက တိတ်ဆိတ်ခြင်းကြီးစွာ......
//Luhanအိပ်နေပြန်ပြီလား//
လကုန်ရက်နီးပြီမို့ မဂ္ဂဇင်းတိုက်မှာ အရင်ရက်တွေထက် ပိုအလုပ်ရှုပ်နေတာကြောင့် Sehunအိမ်ပြန်နောက်ကျခြင်း ဖြစ်သည်။ ဒီမြို့ကို ရောက်လာပြီးတည်းက သာမန်လူတွေလို ရပ်တည်ပြဖို့အတွက် သူအလုပ်ဝင်ခဲ့ခြင်း ဖြစ်သည်...
" Luhan... Luhan'a... "
အိပ်ခန်းထဲမှာလည်း ရှိမနေ... Sehun ချက်ချင်းပဲ မူးဝေပြာမိုက်သွားသည်... Luhanပျောက်နေပြီလေ... အိပ်ခန်းရယ် မီးဖိုနေရာနဲ့ ဧည့်ခန်းကပ်ရက်ရယ် ဒီနှစ်ခန်းသာရှိတဲ့ ခပ်ကျဉ်းကျဉ်း အိမ်ခန်းလေးထဲမှာ ဘယ်နှနေရာများ ထူးရှာစရာလိုလို့လဲ... Sehunလက်ထဲက အိတ်ကို ပစ်ချပြီး လမ်းပေါ် အမြန်ပြေးတက်ခဲ့လိုက်သည်...
မှောင်ရိပ်သန်းစ ညနေခင်းရဲ့ ခပ်ကျဲကျဲလမ်းမီးတိုင်တွေကြား အိမ်အနီးတဝိုက် သူအပြေးလွှားရှာနေမိသည်... Luhanသိပ်ဝေးဝေးတော့ မသွားနိုင်တာ သိထားသည်မို့...
ကံဆိုးစွာပဲ ရုတ်တရက် ခပ်ဖွဲဖွဲကျလာတဲ့ မိုးရေစက်တွေ...... Sehunစိုးရိမ်ရေမှတ်က ထိပ်ဆုံးကို မြင့်တက်သွားသည်... Luhanကို မိုးရေထိလို့ မဖြစ်... သူတို့နောက် လိုက်လာသူတွေ ချက်ချင်းသိသွားနိုင်သည်လေ.. ဒီမြို့ကို ရောက်နေပြီလားဆိုတာ သူအတပ်အပ်မပြောနိုင်...
Sehunပြေးလွှားရှာနေမိတဲ့ ခြေလှမ်းတွေကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်... လူခြေတိတ်တဲ့ မြို့ငယ်လေးရဲ့ ညနေခင်းထုံးစံအတိုင်း ပတ်ဝန်းကျင်ရှင်းလင်းနေတာ သေချာမှ Sehun ခြေစုံရပ်ရင်း လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်ယှက်လို့ မျက်လွှာအသာပိတ်ချပြီး အာရုံပြုလိုက်ချိန်......
ဘယ်ဘက်လက်ခုံက ဖီးနစ်ငှက်လေး သက်ဝင်လင်းလက်လာခြင်းနဲ့အတူ ကျောဘက်ဆီမှ ရွှေရောင်နဲ့ ငွေမှင်ရောင်ရောယှက်နေသော အတောင်ပံတစ်စုံ လှပစွာ ဖြန့်ကျက်လာသည်... ပြန်လည်ဖွင့်လှပ်လာတဲ့ မျက်ဝန်းတွေက ရွှေရောင်တောက်ပစွာ... လည်တိုင်တစ်လျောက်နဲ့ မေးရိုးတစ်ဘက်တစ်ချက်မှာ ပေါ်လာတဲ့ ငွေရောင်ကနုတ်တို့ ရုန်းကြွလျက်... ဒါ Sehunအတွက် သဘာဝတရားကြီးက ပေးထားတဲ့ကောင်းချီးတစ်ရပ်...