Ruin - 18

1K 166 29
                                    

Luhan ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်တယ်… မပြေးရုံတမယ်ပဲ…

မသိဘူး… ဘာမှ……

မှီအောင် လိုက်ရမယ်…

ဘယ်သူ့ကိုလဲ……

ဟင့်အင်း… မသိဘူး…… အဲ့ဒါ ဘယ်သူလဲ…… နီးမလိုလိုနဲ့ ဝေးဝေးသွားတယ်… လိုက်လေ ဝေးလေပဲ………

မျောလွင့်နေတယ်…

အဖြူရောင် အရိပ်တစ်ခု…

ဘယ်သူလဲဟင်……

ဒီမှာ……
ဒီမှာ ကျနော်ခေါ်နေတယ် ကြားလား………

လက်တစ်ဆန့် ကမ်းလိုက်ရင်ပဲ ဖမ်းဆုပ်မိမလိုနဲ့ တကယ်တမ်း ပိုပိုဝေးသွားတယ်…

" Lu…"

Sehun!! hunလား???
မ မဟုတ်ဘူး ထင်တယ်……… သေချာတယ်… အဲ့ဒါ hunမဟုတ်ဘူး……

ဟင် ! တံခါးချပ်တွေ……
တံခါးတွေ ဘာလို့ ဒီလောက် များနေရတာလဲ…… လေထုက မှောင်မိုက်လို့… အလုံပိတ် အခန်းကျယ်ကြီးလား…… ဒါမှမဟုတ်… အနက်ရောင် ကောင်းကင်ပဲလား………

ဘယ်သူရှိလဲ………

hellooo……

" Lu ဘာဖြစ်တာလဲ… "

အာ ရှုပ်လိုက်တာ…… တိတ်တိတ်နေစမ်းပါ hunရယ်… hunအသံကြောင့် ဟိုလူ ပျောက်သွားတာနေမှာ………

ဘယ်သူလဲ…… ခင်ဗျားထွက်ခဲ့ပါ…… ကျနော် အနူးညွတ် တောင်းဆိုပါတယ်…… ခင်ဗျားဘယ်သူလဲ ကျနော့်ကို တွေ့ခွင့်ပေးပါ……

တံခါးချပ်တွေ…… မဆုံးတော့ဘူးလား……

Luhan ခြေလှမ်းတွေ ပိုသွက်လိုက်တယ်…… တံခါးချပ်တွေကြား ပြေးလွှားရှာနေတုန်းပဲ…… ဘာသံမှ ထွက်မလာပေမယ့် အဲ့ဒီလူ ထွက်လာဖို့ကို အားကုန်ညစ် အော်ဟစ် တောင်းဆိုမိတုန်းပဲ……

သစ်ပင်……

ရုပ်ဆိုးလိုက်တာ ဒီအပင်အိုကြီးက… မုန်းတယ်… သစ်ရွက်တွေမရှိပဲ ခြောက်သယောင်းထနေတဲ့ အပင်အိုတွေကို မြင်ရတာ လုံးဝ သဘောမကျဘူး……

ဘာလဲ… ဒါ
ဘာ ဘာကောင်ကြီးလဲ…

ရင်ထဲ ကြောက်လန့်နေပေမယ့် အပင်အိုကြီးရဲ့ ပင်စည်ကြားက တိုးထွက်လာတဲ့ မျက်လုံးဝါဝါကြီး တစ်စုံကို Luhan အကြည့်မလွှဲမိဘူး…

RUINWhere stories live. Discover now