Ruin - 11

2.5K 225 20
                                    

လျှပ်တစ်ပြတ် ဖြစ်ပျက်သွားတာကို Sehunကြောင်အနေမိသည်... ဘာဖြစ်သွားတာလဲ... အခုလေးတင်ထွက်သွားတဲ့ Krisကဘာလို့ ချက်ချင်းပြန်ရောက်လာပြီး သူ့ကို ဖက်ထားရတာလဲ...

Sehunတစ်ယောက် အခြေအနေကို နားမလည်နိုင်စွာနဲ့ Krisရင်ခွင်ထဲ ငြိမ်သက်နေမိရာက မျက်နှာမော့ကြည့်မိတော့... နာကျင်မှု တစ်စုံတစ်ရာကြောင့် မျက်ခုံးစတို့ ရှုံ့တွန့်လျက်... ဖက်ထားရာမှ Sehunကိုယ်ပေါ် အနည်းငယ် ပြိုလဲလာတာကြောင့် ကျောပြင်ကို ပြန်သိုင်းဖက်ရင်း ထိန်းလိုက်မိသည်... လက်ဖျားဆီမှာ ကပ်ငြိလာတဲ့ စေးပျစ်ပျစ်အရည်တချို့...... မထင်မှတ်ပဲ မြင်လိုက်ရတာ Krisသူ့ကိုဖက်ပြီး လှည့်ကာလိုက်တဲ့ နောက်ကျောဆီမှာ ရပ်နေတဲ့Luhan...... မျက်ဝန်းတွေက အဖြူရောင်ဝင်းတောက်နေကာ လက်ထဲမှာလည်း ငွေရောင် ဓားတစ်လက်ကို ကိုင်ဆောင်လျက်...... အလောတကြီး ပြေးဝင်လာတဲ့ Prof.Jongdae......

" YAHH... PARK CHANYEOL..."

ဒေါသတကြီးအော်လိုက်တဲ့ Chenကို Sehunနားမလည်နိုင်စွာ ကြည့်လိုက်သည်... ဘာတွေဖြစ်ကုန်ပြီလဲ... Krisကတော့ Sehunရင်ခွင်ထဲ လဲပြိုငြိမ်သက်လျက်.........

" မတွေ့တာကြာပြီ လက်ထောက်Kim..."

Luhanဆီကထွက်လာတဲ့ ပုံမှန်လေသံမဟုတ်တဲ့ စကားသံတချို့... မျက်နှာသုန်မှုန်လျက် လက်သီးကျစ်ကျစ်ဆုပ် ရပ်နေတဲ့Chenကို လှောင်ပြုံးတစ်ချက် ပြုံးပြပြန်သေးသည်...

" ah... sorry... လက်ထောက်မှ မဟုတ်တော့တာ... . . ဒီကို ဘယ်လိုရောက်နေတာလဲ Kim Jongdae ssi !!! "

Chenတစ်ယောက် စိတ်လိုက်မာန်ပါ Luhanအနားကပ်သွားဖို့ ဟန်ပြင်လိုက်တယ်ဆိုရင်ပဲ Luhan ချက်ချင်းနေရာမှာတင် ခွေလဲကျသွားခဲ့သည်... လက်ထဲမှာလည်း ဓားမရှိတော့......

" LU... "

Sehun စိတ်ပူပင်စွာ အော်ခေါ်လိုက်ပေမယ့် Krisကို ပွေ့ထားလျက်ပဲ ဖြစ်နေသည့်အတွက် ချက်ချင်းထသွားလို့မရ.. Chenကပဲ စိတ်အေးအောင်ထားပြီး Luhanကို ကောက်ပွေ့လိုက်သည်...

" အရမ်းစိတ်မပူပါနဲ့ သခင်လေး... Luhan ပုံမှန်လိုပဲ ပြန်အိပ်ပျော်သွားတာပါ..."

Chenစကားကိုပဲ အလွယ်တကူလက်ခံပြီး သူခေါင်းငြိမ့်ပြတော့ Chenက အိပ်ခန်းဆီ Luhanကို ပွေ့ခေါ်ဝင်သွားသည်... အခု Luက ပြသနာမဟုတ်... Kris... Krisဘာဖြစ်သွားတာလဲ... အခုထိ သူ့ရင်ခွင်ထဲ ငြိမ်သက်စွာ လဲကျနေဆဲ... နှလုံးနေရာ ထိုးစိုက်မိခဲ့တာ မဟုတ်ရင် Vampiတစ်ကောင်က ဒီလောက်အလွယ် နိဂုံးမချုပ်သွားဘူးမလား... Krisကျောက ဓားဒဏ်ရာဆီ အမြန်ကြည့်မိတော့ ထွက်ပြီးသားသွေးတွေ ပေနေတာကလွဲ အနာတရမရှိ အသားရေက နဂိုအတိုင်း ပြန်ကောင်းနေပြီ... ဒါမယ့် ဘာလို့ ငြိမ်နေသေးတာလဲ......

RUINWhere stories live. Discover now