Ruin - 5

2.3K 198 0
                                    

SNUအနီး Cafeလေးတစ်ခု... ကျောင်းအနီးဖြစ်တာကြောင့် ဆိုင်ထိုင်သူအများစုက တက္ကသိုလ်ကျောင်းသားများသာ... ညစာစားချိန် ဖြစ်တဲ့အတွက် ဆိုင်ထဲ လူတော်တော်ရှုပ်နေသည်... Amberဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ဆိုင်ရဲ့ဘေးဘက်က စားပွဲအသေးလေးတစ်ခုမှာ ထိုင်ပြီး စာရွက်တချို့နဲ့ အလုပ်ရှုပ်နေသူတစ်ယောက်ကို ဆိုင်ရဲ့မှန်ချပ်တွေကတစ်ဆင့် လှမ်းမြင်လိုက်ရသည်... ချက်ချင်းပဲ ဆိုင်အပြင်ပြန်ထွက်ကာ ထိုလူရှိမယ့်နေရာဆီ လျှောက်လာလိုက်သည်...

ဘယ်လောက်တောင် စာရွက်တွေပေါ် အာရုံစိုက်နေတယ်မသိ... သူ့ဘေးနား လူတစ်ယောက်လုံး လာရပ်နေတာတောင် သတိမထားမိပဲ မျက်မှန်လေးကို ပင့်လိုက် ခဲတံတစ်ချောင်းနဲ့ စာရွက်ပေါ်ချတွက်လိုက်နဲ့ အလုပ်ရှုပ်နေသူ... ခုဆို အသက်သုံးဆယ်ကျော်ပေါ့... မျက်နှာချင်းဆိုင်ကခုံမှာ Amber ဝင်ထိုင်လိုက်တာတောင် မော့မကြည့်... သတိတောင်မထားမိဘူး ထင်ပါရဲ့... အညိုရောင် လှိုင်းတွန့်ဆံပင်တွေက ဟိုးအရင်ကလို ဖွာလန်ကျဲမနေပဲ သပ်သပ်ရပ်ရပ်... အရင်က ခပ်ပြည့်ပြည့်နဲ့ ချစ်စဖွယ် အူကြောင်ကြောင် မျက်နှာလေးက အခုတော့ သွယ်လျလျ... အနည်းငယ်ညိုတဲ့ အသားရည်နဲ့ ပုံစံကျနတဲ့ နှုတ်ခမ်းတို့ကပိပိရိရိ ကော့ညွတ်လို့... ပြောရရင်တော့ ပိုခန့်လာ ပိုချောလာတယ်ပေါ့...hk'hk'

သူ့ရှေ့ကို စားပွဲခပ်ဖွဖွလေး ခေါက်လိုက်မှ မော့ကြည့်လာသည်... Amberကို မျက်မှောင်ကျုတ်ကြည့်လိုက်ပြီး အလိုမကျဟန်နဲ့ ဘေးဘီလှည့်ကြည့်လိုက်ပြီး ဆိုင်ထဲက waiterလေးကို လက်လှမ်းပြ ခေါ်လိုက်သည်...

" Oh.. plz ဒီဆိုင်ကို ထိုင်ချင်လို့ လာတာမဟုတ်ဘူး မင်းကိုလာရှာတာ ဘယ်သူ့မှ ခေါ်မနေနဲ့ "

" ဘာရယ် ! ! မင်း...?? "

သူ့ထက်အများကြီး ငယ်ပုံရတဲ့ လူငယ်လေးဆီက ရင့်ရင့်သီးသီးစကား ကြားလိုက်ရတော့ သူ့အလုပ်ပျက်လို့ စိတ်ပျက်မိတဲ့အပြင် Chenတော်တော် စိတ်တိုသွားသည်... ပုံစံကြည့်တော့ အလွန်ဆုံးရှိမှ အသက်က 20,21ပေါ့... ဒါကို လေသံက............

" ဒီမှာ ကျောင်းသူ... ဘာရည်ရွယ်ချက်နဲ့ လာနှောက်ယှက်နေလဲ မသိပေမယ့်........."

RUINWhere stories live. Discover now