Ruin - 17

1.1K 169 38
                                    

* အားလုံးပဲ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ကြောင့်ကြခဲ့ရတဲ့ 4လဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ လူသေမှုတွေ… ကွင်းဆက် လူသတ်မှုလို့လည်း တချို့ကယူဆကြတဲ့ အဲ့ဒီအမှုအခင်း ဒီတစ်လအတွင်းမှာတော့ မဖြစ်ပွားခဲ့ပါဘူး… ဒါပေမယ့် နောက်ထပ် အမှုအခင်းတစ်ခုတော့ ထူးဆန်းစွာ ဖြစ်ပေါ်လာခဲ့ပါသေးတယ်*

*ဟုတ်ပါတယ်… ကျနော်တို့မြို့မှာတော့ အခုလိုပုံစံနဲ့ အမှုအခင်း တစ်ခါမှ မဖြစ်သေးဘူးလို့ပဲ ဆိုရမလား Mr.Leeရေ*

*ဟုတ်ကဲ့ သက်ဆိုင်ရာကတော့ ထင်ရှားလွန်းတဲ့ဒဏ်ရာတွေက အန္တရာယ်ရှိတဲ့ တောကောင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ဆိုးရွားစွာ ခံခဲ့ရတာဖြစ်နိုင်တယ်လို့ ပျမ်းမျှ ကောက်ချက်ချထားပါတယ်*

*သေဆုံးသူဟာ HiX Magazine တိုက်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး လည်ပင်းနဲ့ ညာဘက်လက်ဖျံမှာ တိရစ္ဆာန်ကိုက်ရာလို့ ယူဆရတဲ့ အစွယ်ရာတွေရှိနေခဲ့ပါတယ်… နံရိုးနှစ်ချောင်းလည်း ကျိုးနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်က ကုတ်ခြစ်ရာ တချို့နဲ့ ဘယ်ခြေသလုံးရိုးလည်း အနည်းငယ် အက်ကွဲနေခဲ့ပါတယ်…*

*ကြားရသမျှကတော့ စိတ်မကောင်းစရာပါပဲ… Mr.Choiရေ*

*ဟုတ်ကဲ့ စိုးရိမ်ထိတ်လန့်မှု မြင့်မားနေတဲ့ မြို့သူမြို့သားတွေအတွက် မြို့တော်ဝန်က အခုလို ဖြစ်ပျက်လာတဲ့ အမှုခင်းတွေ အမြန်ဆုံး ပပျောက်စေဖို့ အမှုမှန်ပေါ်ပေါက်အောင် အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်လို့ ပြောကြားထားပါတယ်…*

*နောက်ထပ် သတင်းတစ်ခုအနေနဲ့… လာမယ့် 21ကြိမ်မြောက်…"

စိတ်ညစ်ညူးစွာနဲ့ပဲ Baekhyun radioကို ပိတ်လိုက်တော့သည်… ဒီသတင်းတွေကြားပြီး ငိုချင်လာသလိုလို… နားမထောင်မိရင် အကောင်းသား… ရင်ထဲလည်း အတော်ဝမ်းနည်းကာ စိတ်အားငယ်နေမိသည်… ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ… Baekhyun မွေးကတည်းက နေလာတဲ့ ဒီမြို့လေးက အရမ်းအေးချမ်းခဲ့တာ မဟုတ်လား…

ဘယ်လိုလုပ်ရမှာလဲ… လက်ရှိ ကိုယ်ကြုံတွေ့နေရတာတွေကို ဘယ်သူ့ဆီ ရင်ဖွင့် တိုင်ပင်ရမှာလဲ… ဘယ်သူ့ကိုပြောပြလို့ ဘယ်သူက ယုံကြည်ပေးမှာလဲ…

RUINWhere stories live. Discover now