Krisဆီက သက်ပြင်းချသံ သဲ့သဲ့ကလွဲ အရာအားလုံး တိတ်ဆိတ်နေသည်... Chenဆီကလည်း ဘာစကားမှ ထပ်ထွက်မလာတော့ပဲ တစ်ခြမ်းပဲသာနေတဲ့ လမင်းကိုသာ ခပ်ငေးငေး မော့ကြည့်နေလျက်...
Krisအခုမှ Luhanကို အန္တရာယ်ပေးမိခဲ့တာတွေအတွက် နောင်တရမိသလိုလို... သူ့အင်အားနဲ့ အဆုံးမသတ်နိုင်ခဲ့တာကိုပဲ စိတ်အေးရဦးမလိုလို... မြင်တဲ့အတိုင်းပဲ အမှန်ထင်ခဲ့တာလေ.. သူမြင်သိနေခဲ့ရတာက Sehunအသိစိတ်လွတ်တာနဲ့ Luhanလည်း အသိစိတ်လွတ်ပြီး အန္တရာယ်ပြုတတ်လို့ သတ်ပစ်ဖို့ သူကြိုးစားခဲ့ခြင်းသာ...
ငယ်စဉ်ကတည်းက သူစောင့်ရှောက်ပေးလာရတဲ့ OhSehun တဖြည်းဖြည်း အရွယ်ပြောင်းလာတာနဲ့အမျှ ဒီလိုစိတ်ရိုင်းတွေ ရုန်းထွက်လာမယ်ဆိုတာ သိထားပေမယ့် တကယ်တမ်း ဘာလုပ်ပေးရမလဲ သူမသိ... သူသိတာ OhSehunကို ကာကွယ်ဖို့... Vampireတစ်ကောင်အနေနဲ့ အဲ့ဒီclanရဲ့ မြေတိုက်ခန်းတစ်ခန်းထဲမှာ သူနိုးထလာခဲ့ချိန်က သူ့ဘဝရဲ့အစပါပဲ... ကိုယ့်ကိုယ်ကို ဘယ်သူလဲ နှစ်ပေါင်း ဘယ်နှရာချီ ရှင်သန်ခဲ့ပြီးသားလဲ ဘာအတွက် ဒီနေရာမှာ ရောက်နေခဲ့လဲ ဆိုတာ ဘာတစ်ခုမှ Krisမသိ... မြေတိုက်ခန်းထဲမှာပဲ ပိတ်လှောင်ခံထားခဲ့ရတဲ့ သူ့ဘဝသစ်စပြီး နှစ်လကျော်အကြာမှာပဲ သူစောင့်ရှောက်ရမယ့် အဲ့ဒီကလေး OhSehun ဒီလောကထဲ မွေးဖွားသန့်စင်လာခဲ့သည်... အရိုင်းစိတ်သက်သက်နဲ့ ဘာဆိုဘာမှမသိတဲ့ KrisWu... မသိနိုင်တဲ့ အတိတ်ရေစက်ကြောင့်ပဲလား... အမြဲနှိပ်စက်ခံ တစ်မျိုးပြီးတစ်မျိုး စမ်းသပ်ခံနေရတဲ့ဒဏ်က လွတ်မြောက်ချင်လို့ပဲလား... ဘာကြောင့်ပဲဖြစ်ဖြစ် သူလိုသွေးအေးvampiက အဲ့ဒီသက်ရှိလေးအပေါ်မှာတော့ တိမ်းညွှတ်ခဲ့ပြီး အမြဲကာကွယ်သွားဖို့ ကိုယ်တိုင်လိုလိုလားလား လက်ခံခဲ့ကာ OhSehunရဲ့ Guardian devil ဖြစ်လာခဲ့သည်...
ပြီးတော့ သူ့ဒီဘဝထဲက တစ်ခန်းရပ်ပြဇာတ်မှာ လှလှပပတွဲကပေးခဲ့ပေမယ့် မလှမပ ဇာတ်သိမ်းခဲ့ရတဲ့ Angel.. ကလေးနှစ်ယောက် အတူရှိနေတိုင်း သူတို့နှစ်ယောက်လည်း အမြဲအတူ ရှိနေခဲ့ရတဲ့ အချိန်တွေကမနည်း... Luhanရဲ့ Guardian'angel ChangShaLei... နှုတ်က မဖွင့်ဟခဲ့ဖူးပေမယ့် တစ်ကိုယ်တည်း ရင်ထဲတိတ်တခိုးခေါ်ခဲ့ဖူးတာ "Lei".. Sehunလေး စကားမပီတပီနဲ့ ခေါ်ခဲ့ဖူးသေးတာ 'Lay'တဲ့...