Ruin - 3

3.2K 247 0
                                    

" Luhan.a...... အဲ့လိုမလုပ်ပါနဲ့ စိတ်ထိန်းပါ... Luhan.aaaaa jelba..."

တွေ့ကရာပစ္စည်းဆွဲယမ်းပြီး ထိန်းမနိုင်အောင်ဖြစ်နေတဲ့ Luhanကို Sehunလိုက်ထိန်းရင်း ပါးစပ်က တတွတ်တွတ် ပြောတားနေမိသည်... အင်အားသုံးပြီး ထိန်းလိုက်ပြန်ရင်လည်း Luhan ထိခိုက်မှာစိုးတာကြောင့် ပြင်းပြင်းထန်ထန်လည်း မတားရဲ... တနေကုန် အကောင်းသား ညကြီးသန်းခေါင် အိပ်နေရာမှ ရုတ်တရက် ထဖောက်ခြင်းဖြစ်သည်...

အိမ်ထဲလည်း ဗြောင်းဆန်လို့... အိပ်ခန်းနံရံမှာလည်း တစ်ဝက်နီးပါး ပြိုကျနေပြီ... အနည်းကျဉ်းသာရှိတဲ့ ပရိဘောဂတချို့လည်း ပျက်စီးနေပြီ... မီးလုံးနဲ့ တခြား အသုံးဆောင်တချို့က မှန်ကွဲစတွေလည်း ကြမ်းပြင်မှာ ပြန့်ကျဲပြီး ခြေဗလာနဲ့ Luhanခြေထောက်မှာ သွေးတွေ အတော်ထွက်နေသည်... လက်မှာလည်း ထိခိုက်ရှရာတွေနဲ့... ဓားလို ပိုအန္တရာယ်ရှိတာမျိုး အလွယ်မထားထားမိတာ တော်သေးသည်... ဒါတောင် တော်တော်ထိခိုက်နေပြီ... အိမ်အပြင်ထွက်ပြေးဖို့ ခြေလှမ်းပြင်လိုက်တဲ့ Luhanကို Sehunအမြန်ခုန်အုပ် တားဆီးလိုက်ရသည်...

ချုပ်ထားတဲ့ကြားက luhan ရုန်းကန်နေရင်း Sehunလက်မောင်းတွေကို ပြန်လည်ညစ်ကိုင်ထားသည်... Sehunကိုယ့်လက်က နာကျင်မှုကို အာရုံမထားနိုင်... luhanကိုသာ လိုက်အကြည့်ဆုံဖို့ ကြိုးစားနေမိသည်...

" luhan.a... ငါ့ကိုကြည့်... yaaa စိတ်ထိန်းပါဦး... ဒီမှာ ငါ့ကိုကြည့်... ငါ့မျက်လုံးကို သေချာကြည့်စမ်း "

Sehunအသံ နည်းနည်းမာထန်လာမှ ငြိမ်ကျသွားပြီး မော့ကြည့်လာသည်... မျက်ဆံတွေက အရောင်မငြိမ်... စိမ်းလဲ့နေရာမှ Sehunကို ကြည့်ရင်း ခရမ်းရောင်မှိုင်းမှိုင်းအဖြစ် ပြောင်းသွားပြန်သည်... ခုနကလို သွေးဆူနေတဲ့ ပုံစံမဟုတ်တော့ပဲ တဖြည်းဖြည်း မျက်နှာမှာ အားငယ်ရိပ်တွေ စွန်းလာသည်... ငိုမဲ့မဲ့ဖြစ်လာပြီး...

" hun... sehun.a...... ငါ... ငါ......"

ဘာစကားမှ ဆက်ထွက်မလာပဲ မျက်ရည်တွေသာ အဆက်မပြတ်ကျလာပြီး ခေါင်းကိုပဲ စွတ်ယမ်းနေသည်... sehun အဖြူအကျီ င်္လက်က သူ့ရဲ့လက်ရာ အဝါရောင်ထင်နေရစ်တာကို ကြည့်ပြီး sehunကို တောင်းပန်နေတဲ့ အကြည့်တွေ...

RUINWhere stories live. Discover now