Ruin - 16

1.6K 190 18
                                    

" မဖြစ်နိုင်ဘူးလို့ အတိအကျ ပြောမရပါဘူး Luhan ssi... သူတို့ ChangShaLei ကို တွေ့ခဲ့တယ်ဆိုတာ လုပ်ကြံပြောစရာအကြောင်း လုံးဝမရှိပါဘူး မနေ့တနေ့ကမှ Luhan ssi နဲ့ သခင်လေးတို့ကို စသိသူတွေက ChangShaLeiနဲ့ပက်သက်ပြီး ဘာသိလို့ ဘာအကျိုးရမှာမို့ တကယ်မတွေ့ခဲ့ပါပဲ တွေ့တယ်လို့ ပြောမှာလဲ "

Luhanမျက်နှာကို စေ့စေ့ကြည့်ပြီး တည်ငြိမ်စွာ တစ်ခွန်းချင်း အလေးအနက်ထားပြောနေတဲ့ Chen... Sehunကတော့ နှစ်ယောက်သားရဲ့ အပြန်အလှန် အနည်းငယ်တင်းမာနေတဲ့ စကားဝိုင်းကို ဘာမှဝင်မပြောပဲ အသာစောင့်ကြည့်သာနေသည်... Luhanမျက်နှာနုနုလေးမှာ အတွေးတွေရှုပ်နေဟန်က အထင်းသား...

" ဒါဆိုသူတို့ပက်သက်မှုကဘာလဲ... Amberက Krisနဲ့ ဘာပက်သက်တာမို့ သူကူညီနိုင်ပါတယ် ပြောရတာလဲ... ဘယ်ကလာပြီး ဘယ်လိုရာဇဝင်ရှိခဲ့မှန်းမသိတဲ့ အမှောင်လောကသားတွေကို ဘာယုံရမှာလဲ"

" မဟုတ်သေးဘူး Lu "

ChangShaLeiကို ဆုံးရှုံးရပြီးကတည်းက ကိုယ့်Guardianမဟုတ်ပေမယ့် Luhanတစ်ယောက် Krisအပေါ် တွယ်တာစိတ်ရှိတာ Sehunနားလည်သည်... Luhanတွေးပူသလို Sehunလည်းတွေးမိပါသည်... သို့ပေမယ့် ကိုယ်ဘာမှမတတ်နိုင် ကူကယ်ရာမဲ့နေချိန်မှာ ကူနိုင်ပါတယ် တတ်နိုင်ပါတယ် ပြောလာသူကလည်း သူတော်စင်ဖြစ်စေ နတ်ဆိုးဖြစ်စေ အားထားရာ ကောက်ရိုးတမျှင်ပင်... Amberကို သူယုံတယ်လို့ ဆိုလိုတာမဟုတ်... တခါလောက် ကြိုးစားကြည့်ချင်သည်... ကိုယ်ကဘာမှ ရေရေရာရာမသိမတတ်သေးပါပဲ သက်တမ်းနုနုလေးမှာပဲ Clanကထွက်ပြေးခဲ့ပြီး ပုန်းလျှိုးကွယ်လျှိုးနေနေရသူ... လွတ်လပ်စွာကျင်လည်နေတဲ့ သူတို့မျိုးတူချင်းက ကိုယ့်ထက်တော့ ပိုသိပိုတတ်တာ တစ်ခုခုလုပ်ပေးနိုင်တာမျိုး ရှိနိုင်သည်မဟုတ်ပါလား...

" Kim Jongdae ssi..."

" ပြောပါ သခင်လေး "

" ဘယ်လိုမြင်လဲ... သူတို့ ChangShaLeiကို တွေ့ခဲ့တယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် "

" ဖြစ်ရပ်ချင်းမတူပေမယ့် အနီးစပ်ဆုံး သာဓက Park Chanyeol ရှိနေတာပဲ... ဒီလောက်တော့ သခင်လေး တွေးတတ်မှာပါ...... Yiyunတကယ်ပဲ ChangShaLeiနဲ့ တွေ့ခဲ့သလားဆိုတာ...... "

RUINWhere stories live. Discover now