ဘယ်တော့မှမမေ့နိုင်ခဲ့တဲ့ ကော်ဖီနံ့လေးကို ရှူရှိုက်မိရင်း Chenတစ်ယောက် အသိစိတ်တွေ နိုးထလာသည်... တစ်နေရာထဲမှာပဲ ရနိုင်တဲ့ ဒီကော်ဖီနံ့က ViolinBarက bartender'Henryရဲ့ အထူးလက်ရာ... အရက်မျိုးစုံကို ကျင်လည်စွာ ဖျော်စပ်နိုင်သည့်အပြင် ဘယ်barမှာမှ မရနိုင်တဲ့ ထူးခြားတဲ့ အနံ့အရသာနဲ့ coffeeကောင်းကောင်းတစ်ခွက်ကို bartender'Henryဆီမှာပဲ ရနိုင်သည်... အရမ်းနှစ်ခြိုက်သည့် ကော်ဖီနံ့လေးကို ခပ်မြှင်းမြှင်း ရှူရှိုက်လိုက်ပြီး Chenကျေကျေနပ်နပ် ပြုံးလိုက်မိသည်... ပျင်းရိစွာပဲ မျက်လုံးတို့ကို မှိတ်ထားမိဆဲ...
huh' နေဦး... ငါဘယ်ရောက်နေတာလဲ
ViolinBar??
bartender'Henry??
ဒါ သူတက္ကသိုလ်ကျောင်းသားဘဝက ရင်းနှီးခဲ့တဲ့ အသုံးအနှုန်းတွေပဲ... အခု ဘာလို့......
Chenတစ်ယောက် အလန့်တကြား မျက်လုံးတွေဖွင့်လိုက်ပြီး ချက်ချင်းထထိုင်လိုက်သည်... ဒါဘယ်နေရာလဲ... ပထမဆုံး သူမြင်လိုက်မိတယ်ဆိုရင်ပဲ ချက်ချင်းသိလိုက်နိုင်သည် ဒါအိမ်အိုကြီးတစ်ခု... ဟင့်အင်း မဟုတ်သေးဘူး အိမ်အိုလေးလို့ ပြောရမလား... မြင်မြင်နေရသမျှ ပစ္စည်းတိုင်းက ဟောင်းနွမ်းလျက်... နေရာတချို့တွင်သာ လူနေသည့်အရိပ်အယောင်နှင့် အတန်ငယ် သန့်ရှင်းနေသည်... သန့်ရှင်းတယ်ဆိုတာကလည်း ဖုန်အထပ်ထပ်တက်မနေရုံသာ... အခုမှ ကိုယ်လှဲအိပ်နေမိတဲ့နေရာ ပြန်ကြည့်မိတော့... ohh' ကောင်းပါတယ် ဒီလောက် စုတ်ချာနေတဲ့နေရာမှာ သူနှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်နေခဲ့တာပါလား... ကော်ဇောအခင်းဟောင်းတွေ ထင်ပါရဲ့... စုပုံထပ်ထားပြီး တစ်ဝက်တစ်ပျက် ဖုံးထားတဲ့ ဝါကျင့်ကျင့် အဝတ်စတစ်ခုပေါ်မှာ သူအိပ်ပျော်နေခဲ့တာ... အရင်ကတော့ အဖြူရောင်အစဖြစ်မှာပေါ့လေ... ကောင်းကောင်းအိပ်ရေးဝထားသည့်အတွက် ခေါင်းကြည်နေသည်နှင့် တဖြည်းဖြည်း ပြန်စဉ်းစားကြည့်မိတော့... Liu YiYun...
သူနောက်ဆုံးမှတ်မိလိုက်တဲ့ပုံရိပ်... hk' စိတ်ထဲသဘောကျသလိုလို တစ်ချက် မခိုးမခန့်ရယ်မိသည်... ဒီကောင်မလေး အလန့်တကြားတွေ လုပ်ပြန်ပြီ... မသိစိတ်ကလှုံ့ဆော်မှုနဲ့ ကိုယ့်လည်ပင်းဆီကိုယ် လက်ရောက်သွားပြီး စမ်းကြည့်မိတော့ ဘယ်နေရာမှ ထိခိုက်နာကျင်မနေ... ok' ထူးထူးခြားခြား သူသွေးစုပ်ခံမထားရဘူးပေါ့... ထိုင်ရာမှထလိုက်ပြီး ဘေးဘီကို အကဲခတ်ကြည့်လိုက်သည်... သူရောက်နေတဲ့နေရာက ထပ်ခိုးခန်းလိုမျိုး ထင်ပါရဲ့... သူ့အရပ်နဲ့မလွတ်တလွတ် နီးကပ်နေတဲ့ ခပ်နိမ့်နိမ့် ခေါင်မိုးဆီမှာ ပြတင်းပေါက်ငယ်လေးဆီက ဝင်လာတဲ့ နေ့ခင်းအလင်းရောင်လေးကလွဲလို့ တခြားဘယ်နေရာမှ အလင်းရောင် ဝင်ရောက်နေခြင်းမရှိ...