" ပြောမှာသာပြောပါ... 1%ဆိုလည်း 0%ထက်တော့ မျှော်လင့်ချက်ရှိသေးတာပဲ..."
ပြောသာပြောနေတာ Sehunလေသံက သိပ်တော့အားမပါလှ...
လွန်ခဲ့တဲ့10နှစ်ကျော်က သခင်လေးသာ အကြောင်းရင်းသေချာမသိပဲ အထင်လွဲမှား Luhanကို အစိုးရိမ်လွန်ပြီး clanကခေါ်မပြေးခဲ့ပါဘူးဆိုရင် ဒီနေ့ဒီချိန်လို ပြသနာတွေဖြစ်လာချင်မှ ဖြစ်လာမှာလို့တောင် Chenတွေးလိုက်မိသည်...
Luhanအပေါ် ဘယ်လောက်ခင်တွယ်လဲ clanတစ်ခုလုံးအသိဆိုပေမယ့် သခင်လေး ဒီလိုလုပ်မယ်လို့ ဘယ်သူမှမထင်ထားခဲ့ကြပါပဲလေ... သို့ပေမယ့် သူ့အတွက်နဲ့ Luhanကို စမ်းသပ်ဖန်တီးနေရတာပါလို့ သခင်လေးသာသိရင် ဒီ့ထက်ပိုဆိုးနိုင်ချေသာများသည်...
ဖြစ်ခဲ့ပြီးပြီပဲလေ...
ဘယ်လိုမှရှောင်လွှဲမရတာတွေ ဖြစ်ခဲ့တာပါပဲ...
အခုတော့ Krisလည်း...............
ParkChanyeolနဲ့ Krisက clanမှာနေတုန်းက မရင်းနှီးကြဘူးဆိုပေမယ့် ရန်သူတွေတော့ မဟုတ်ခဲ့ကြဘူးမလား...
အခုလည်း ရန်သူတွေတော့ မဟုတ်ပါဘူးလေ... တကယ်တမ်း Chanyeolရဲ့ targetက OhSehunဖြစ်ခဲ့တာ... Krisက ကာကွယ်ရင်းနဲ့ထိခဲ့တာ...
Chanyeolဘာကြောင့် သခင်လေးကို လုပ်ကြံဖို့ကြိုးစားခဲ့လဲဆိုတာတော့ Chenတွေးမမီပါ... clanနဲ့ ဝေးကွာခဲ့တာကြာပြီမလား... ဘာတွေဘယ်လိုပြောင်းလဲနေပြီလဲ သူမသိတော့...
fallen angel ဆိုပေမယ့် Chanyeolက စိတ်ထားယုတ်ညံ့သူ မဟုတ်တာတော့ အနီးကပ် အတူအလုပ်တွဲလုပ်ခဲ့တဲ့ Chenအသိဆုံးပါလေ... ဖြစ်နိုင်ခြေတစ်ခုကတော့ နောက်ကွယ်က အမိန့်ပေးခိုင်းစေသူ clanအကြီးအကဲတစ်ဦး ရှိနေမယ်ဆိုတာပါပဲ... သခင်ကြီးOhက OhSehunကို စွန့်ပစ်လေပြီလားဆိုတဲ့အတွေးမှာ Chenတုန်လှုပ်သွားမိသည်...
" Kim Jondae ssi "
" huh...... ah.. ye.. "
Sehunရဲ့ သတိပေးသလို ခေါ်သံကြားမှ Chenတစ်ယောက် အတွေးထဲမျောနေရာက သတိပြန်ဝင်လာသည်...
" ပြောပါ... ဘယ်လိုနည်းလမ်းဖြစ်ဖြစ် Krisကို ကယ်လို့ရမယ်ဆို ငါအစွမ်းကုန်ကြိုးစားမယ်... ... ... ... Kris... ... သူ့ကိုယ်သူထက် ငါ့ကိုပိုတန်ဖိုးထား အမြဲဂရုစိုက်ခဲ့သူပါ... သူပြန်နိုးထလာဖို့ ငါဘာပဲလုပ်ရလုပ်ရ "
စိတ်တင်းထားပေမယ့် ပြောရင်း တိုးလျသွားတဲ့ Sehunစကားသံမှာ ဝမ်းနည်းကြေကွဲမှုက အထင်းသား...
guardian devil နဲ့ Clanသခင်လေးဆိုတဲ့ အနေအထားမှာ နှစ်ဦးသားရဲ့ တည်တည်တံ့တံ့နေတတ်ပုံတွေနဲ့ ဖက်လှဲတကင်း ချစ်ချစ်ခင်ခင်မနေခဲ့ကြဘူး ဆိုပေမယ့်လည်း OhSehunဆိုတဲ့ Phoenix'angelလေး ဒီလောကကြီးထဲ စတင်သက်ဝင်မွေးဖွားလာတည်းက Krisဆိုတဲ့ vampiတစ်ကောင် တစ်ဖဝါးမကွာ အနားမှာအမြဲစောင့်ရှောက်ပြီး တစ်သက်လုံးအတူရှိခဲ့တဲ့ သံယောဇဉ်က ပေါ့ပေါ့တန်တန်မဟုတ်ပါပဲလေ...
" Krisနဲ့ လိပ်ပြာယဉ်တဲ့သူ တစ်ယောက်လိုတယ်... စိတ်ဝိညာဉ်ချင်း ချိတ်ဆက်နိုင်မယ့်သူ... "
" ဘာကိုဆိုလိုတာလဲ "
Sehunနားမရှင်းသလို မျက်မှောင်ကျုံ့လျက် စဉ်းစားရင်း Chenကို ထပ်မေးခွန်းထုတ်လာသည်...
" Krisနဲ့ နှလုံးသားချင်းနီးစပ်မယ့် သူနဲ့အပြန်အလှန်ချစ်ရသူ... ဒါမှမဟုတ် သူသာမန်လူဘဝတုန်းက သွေးသားတော်စပ်ခဲ့မယ့် သွေးအရင်းဆုံး မိသားစုဝင်တစ်ယောက်ယောက်ပေါ့ "
Chenစကားအဆုံးမှာ မြေအောက်ခန်း အိမ်ငယ်လေး တိတ်ဆိတ်ခြင်းက စိုးမိုးသွားသည်... အိပ်ခန်းတွင်းမှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်နဲ့အတူ ငြိမ်သက်စွာ လဲလျောင်းနေသူတစ်ဦး... အပြင်ဘက်ဧည့်ခန်းနေရာမှာလည်း ဘာစကားမှမဆို အတွေးကိုယ်ဆီနဲ့ ငြိမ်သက်စွာ ထိုင်နေကြသူနှစ်ဦး...
1%ဆိုတဲ့ မျှော်လင့်ချက်ပါးပါးလေးကတောင် လေထဲမှာပဲ ပျောက်တော့မယောင်...
Krisရဲ့ချစ်ရသူဆိုတာကလည်း clanမှာ အတူနေခဲ့တဲ့တစ်လျှောက် ChangShaLeiပဲ တစ်ဦးတည်းသော ချစ်ရသူ... အခုမရှိတော့တဲ့angelလေး... ဒါတောင် Sehunသေချာမသိခဲ့ Luရဲ့ ပြန်ပြောစကားတွေကတစ်ဆင့် သိခဲ့ရတဲ့ ကြေကွဲဖွယ်ချစ်ဇာတ်လမ်း...
clanကိုရောက်လာတည်းက မှတ်ဥာဏ်ဗလာကျင်းနဲ့ ကိုယ့်ကိုယ်ကို အသက်ဘယ်နှရာကျော် ရှင်သန်နေထိုင်ခဲ့လဲတောင် မသိတဲ့ vampireတစ်ကောင်ရဲ့ သွေးရင်းဆွေမျိုးတစ်ယောက်ကို ရှာဖို့ဆိုတာကလည်း.........
______________________________________
To Be Continued
______________________________________
update ငိငိ... အကြာရီးနေမှ updateပီး တိုသွားဒဟ် :P မေ့သွားမှာစိုးလို့ ပြန်လာအစဖော်ပေးတာ^^
အစကep.12မှာ ဇာတ်သိမ်းတော့မယ်လို့ ပြောထားပေမယ့် သိမ်းလိုက်ရမှာ နှမျောနေတာနဲ့ ဆက်ဆက်ရေးဖို့ ဖြစ်သွားတယ်... နောက်ထပ်updateတေလည်း လာပါဦးမယ်လို့...
Final part မဟုတ်လို့ စိတ်ဆိုးကုန်ပလားမသိ...^^