" sorry Kris... "
Chenရဲ့ ခပ်တိုးတိုး တောင်းပန်သံအောက် Krisတစ်ယောက် လုံးဝငြိမ်ကျသွားသည်... စိတ်ပျက်မိတာလား စိတ်တိုမိသလား ဒေါသထွက်ဖို့ အားအင်ကို မရှိတော့တာပဲလား ကိုယ်တိုင်လည်း နားမလည်တော့... ဒီ10နှစ်ကျော် ကာလတစ်လျောက် သူသိထား ယုံကြည်ထားခဲ့သမျှက Jongdaeရဲ့ စကားတစ်ခွန်းအောက်မှာ ဖုန်တစ်မှုန်လောက်တောင် အရေးအရာမရှိတော့...
" ဘာကိုမှ ထပ်ပြောင်းလဲဖို့ မကြိုးစားပါနဲ့တော့ Kris... "
".............................. "
" ငါ့ကိုအပြစ်တင်မယ်ဆိုလည်း ရပါတယ် "
" ........................"
Chenရဲ့ ခြောက်ကပ်ကပ် ရယ်သံက တိတ်ဆိတ်တဲ့ည လရိပ်အောက်မှာ ခပ်သဲ့သဲ့လွင့်ပျံ့လို့... အဲ့ဒီရယ်သံမှာ လှောင်ရယ်သံတွေ စွက်နေတာတော့ အတော်ကြီး သိသာနေသည်... ဘာကိုလဲ ဘယ်သူ့ကိုလဲ... ဘယ်သူ့ကို လှောင်ရယ်နေတာလဲ Jongdae... မင်းကိုယ်မင်းလား...
" ကံကိုပဲ ပုံချရမလား "
"..................... "
" arni... ငါတို့ ကံကိုပဲ ပုံအပ်ရတော့မှာ Kris "
Krisမှာ ဘာမှပြောစရာမရှိတော့... အစကတော့ Luhanကို အဆုံးသတ်ပေးနိုင်မယ့်သူ Jongdaeများ ဖြစ်နေမလားလို့ လာရှာခဲ့မိတာပါ... သူရက်စက်တယ် ဖြစ်ကောင်းဖြစ်မယ် အားလုံးဘေးကင်းဖို့ အတွက်ရယ်ပါ... hak' သွေးအေးvampiတစ်ကောင်က အဲ့လိုတွေးတယ် ဘယ်သူယုံမှာလဲ... ဟုတ်ပါတယ် အဓိက OhSehunဘေးကင်းဖို့ပဲ သူတွေးခဲ့တာပါ... အခုတော့ ပြန်ရတဲ့အဖြေက ဘာမှ ထပ်ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူးဆိုပဲ... လောလောဆယ်တော့ သူဥာဏ်မမီသမျှ ခေါင်းအေးအေးထား စဉ်းစားဖို့လိုပြီမို့ ခါတိုင်းနေရာလေးဆီသွားဖို့ ခြေလှမ်းပြင်လိုက်သည်...
" မင်း... "
Chenဆီက စကားဆက်ရန်အလားအလာ ရှိသေးတာကြောင့် သူ့ခြေလှမ်းတို့ ရပ်တန့်လိုက်သည်...
" Luhanကို ဆက်မနှောက်ယှက်ပါတော့နဲ့ Kris"
ဘာကြောင့်လည်း သူနားမလည်နိုင်တော့ Sehunက ဒီလိုပြောခဲ့တာကို သူနားလည်နိုင်သည်... အခု Jongdaeကပါ ဘာဖြစ်တာလဲ... နားမလည်နိုင်စွာ လှည့်ကြည့်မိတော့ တစ်ခုခုကိုပြောဖို့ အတော်ဆုံးဖြတ်ရ ခက်နေဟန်နဲ့ Chen...