Unicode
Jungkook သူ့တစ်ကိုယ်လုံးကိုသိမ်းကြုံးပြီးဖက်ထားတဲ့ထိုလူကို လှည့်ကြည့်ဖို့ကြိုးစားပေမယ့်လည်း သူလှည့်ကြည့်လိုက်တာနဲ့ ထိုသူ့မျက်နှာနှင့် သူ့မျက်နှာကအရမ်းကိုနီးကပ်နေတာကြောင့် လှည့်မကြည့်မိဘူး။ ထို့ကြောင့် ထိုသူရဲ့ဝမ်းဗိုက်ကို တံတောင်ဖြင့်နောက်ပြန်တိုက်ကာ တွန်းထုတ်လိုက်မှ လွှတ်ပေးတော့သည်။
" ခင်ဗျားဘယ်သူလဲ သူခိုးလား? "
" သူခိုး? အဲ့တာကတော့နည်းနည်းရိုင်းသွားပြီမထင်ဘူးလား? ဘယ်နှယ့်လူကိုသူခိုးတဲ့ "
" အဲ့တာဆို ဒီအိမ်ထဲခင်ဗျားက ဘယ်လိုရောက်နေတာလဲ? "
" သေချာတာကတော့ မင်းကိုယ့်ကိုခေါ်လိုက်တယ်ဆိုတာပဲ "
" ကျွန်တော်က ခင်ဗျားကိုခေါ်တယ်? ဘယ်တုန်းကလဲ? "
" ခုနကလေ Kim..Tae...Hyung ဆိုပြီးတော့ "
Jungkook ကိုတစ်လုံးချင်းစီရွတ်ပြနေတဲ့ ထိုလူ့ရဲ့နာမည်က ကြားဖူးနေတာတော့အမှန်ပဲ။ Kim Tae Hyung...Kim Tae Hyung။ ဟင် ဟိုပန်းချီကားထဲကသူနာမည်မလား။ သူတွေးမိသည်နှင့် အလျင်အမြန်ပဲ အခန်းထောင့်မှာရှိတဲ့ မီးခလုတ်ကိုသွားဖွင့်မိသည်။
" ခင်..ခင်ဗျားက "
" Bingo..!! "
မျက်လုံးရှေ့ကထိုသူက သူတွေးမိတာကိုနားလည်နေသည့်အလား Bingo ဆိုပြီးပြောလာသည်။ အဲ့တော့ သူထင်တာမှန်နေတဲ့သဘောပဲ။ ဘယ်လိုတောင် ဆန်းကြယ်တဲ့ဘဝကြီးလဲ။
" မင်းကိုယ့်ကိုတစ်နေရာရာမှာ တွေ့ဖူးတယ်လို့ထင်နေတယ်ဆိုရင်တော့ အမှန်ပဲ..မင်းကိုယ့်ကိုတွေ့ဖူးတယ်..။ ဟိုပန်းချီကားထဲမှာလေ "
အဲ့ဒီလူက ပန်းချီကားဆီလက်ညိုးထိုးပြသည်မလို့ သူကြည့်လိုက်တော့ ပန်းချီကားထဲမှာ ဘယ်သူ့ပုံမှမရှိဘူး။
" ခင်ဗျားက အဲ့ထဲကထွက်လာတာပေါ့ "
" ဟုတ်တယ် ဒါနဲ့ကိုယ်သိချင်တာတစ်ခုရှိသေးတယ်..မင်းကိုယ့်နာမည်ကိုဘယ်လိုသိတာလဲ? "
" ဟင် ဒီပန်းချီကားအောက်မှာရေးထားတာလေ "
" ပန်းချီကားအောက်မှာ ဘာမှမရေးထားပါဘူး "
YOU ARE READING
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story