Unicode
ဆိုးလ်မြို့ရဲ့ဆောင်းရာသီကအရမ်းချမ်းအေးလို့နေသည်။ ထို့ကြောင့် Jungkook လည်ပင်းထက်ကမာဖလာလေးကိုတင်းနေအောင် ပြန်ချည်ပြီး လမ်းမထက်ကမြင်ကွင်းမျိုးစုံကိုမှတ်တမ်းတင်နေမိသည်။
ဒါဟာ သူဝါသနာပါရာအလုပ်တစ်ခုပါပဲ။ ကင်မရာလေးတစ်လုံးကိုင်ပြီး လှပတဲ့သဘာဝတရားကြီးကိုမှတ်တမ်းတင်ထားမယ်။
Jungkook အတွက်တော့ အလုပ်အရမ်းများတဲ့ မေမေကသူ့ကိုအချိန်မပေးနိုင်ခဲ့ပါ။ နိုင်ငံခြားမှာပဲအနေများပြီး ကိုရီးယားကိုတစ်နှစ်တစ်ခေါက်ရောက်ရင်တောင် တော်ပါသေးသည်။ အခုတော့ လုံးဝကိုပြန်မလာတော့ဘူးလို့တောင်ထင်မှတ်ရသည်အထိ။
သူငယ်ငယ်ကတည်းက သူ့မွေးနေ့တွေကိုလည်း သတိမရခဲ့သလို၊ သူ့အတွက်ဆိုပြီး ပစ္စည်းတစ်စုံတစ်ရာကိုဝယ်ပေးခဲ့ခြင်းမရှိခဲ့ပေ။ ထိုသို့ဖြစ်လို့ မေမေ့ကိုမုန်းမိလားဆိုတော့လဲ မမုန်းမိပါဘူး။ နည်းနည်းတော့ အနေစိမ်းသွားရုံပါပဲ။ ဖေဖေကတော့ သူနဲ့အတူတူဆော့ပေး၊ ကစားပေးခဲ့ပါသည်။
သို့ပေမယ့် ကံတရားကသူ့ဘက်မျက်နှာသာပေးပုံမပေါ်ပါ။ သူ့အသက်ရှစ်နှစ်အရွယ်မှာတင် ဖေဖေကယာဥ်တိုက်မှုကြောင့် ဆုံးပါးသွားခဲ့ရပါသည်။ ထို့နောက် သူလဲဘူဆန်က အဘွားအိမ်မှာပဲသွားနေဖြစ်တော့သည်။
တက္ကသိုလ်တက်တော့မှသာ ဆိုးလ်ကိုလာပြီး မေမေ့အိမ်ကိုသွားနေခဲ့သည်မှာ အခုဘွဲ့ရလို့ကျောင်းပြီးသည်အထိပင်။ အဘွားဆီကိုတော့ တစ်လတစ်ခေါက်ရောက်အောင်ပြန်ဖြစ်ပါသည်။
Jungkook ကင်မရာလေးကိုင်ကာလမ်းလျှောက်လာနေရင်း ဆိုင်လေးတစ်ဆိုင်ရှေ့အရောက် သူ့ခြေလှမ်းတွေကိုရပ်တန့်မိသွားသည်။ ထိုဆိုင်လေးက အရမ်းခမ်းနားနေသည်တော့မဟုတ်ပါ။ သာမန်သော့ချိတ်လေးတွေ၊ လက်ကောက်လေးတွေရောင်းသည့်နေရာဖြစ်သည်။
သို့ပေမယ့် သူ့အာရုံကိုဖမ်းစားသွားသည်က ထိုဆိုင်မှာရှိနေသည့် တစ်ခုတည်းသောပန်းချီကားချပ်လေး။ ထိုပန်းချီကားက ရှေးခေတ်ကလို ပိတ်စပေါ်မှာရေးဆွဲထားခြင်းဖြစ်သည်။
KAMU SEDANG MEMBACA
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fiksi Penggemar" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story