9.မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ခြင်း

1.1K 144 19
                                    

Unicode

Jungkook နဲ့ Foxy ချစ်သူတွေဖြစ်ပြီးကတည်းက နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ကြပြီး အချင်းချင်းလဲနားလည်မှုအပြည့်ရှိကြသည်။ သို့ပေမယ့်လည်း တစ်ခါတရံ ချစ်သူ၊ ရည်းစားတို့၏သဘာဝ စိတ်ဆိုးစိတ်ကောက်တာတွေဆိုတာလဲရှိစမြဲပါပဲ။

ဒီလိုစိတ်ဆိုးစိတ်ကောက်တယ်ဆိုတာကလဲ Foxy ကသူ့ကိုအမြဲလိုက်စ,နေတာကြောင့်ပင်။ အခုလဲ သူ့ကိုဘာတွေလာပြောနေမှန်းမသိ။ ဘာတဲ့... သခင်က ကိုယ့်အောက်မှာလှချင်တိုင်းလှနေမယ့် ပုံရိပ်လေးကိုမြင်ချင်လှပြီတဲ့။ ဘယ်လိုစကားတွေလဲ။ အခုနောက်ပိုင်း အဲ့ Foxy ကနှာဘူးအတွေးတွေ အမြဲတွေးနေတော့တာပဲ။

Jungkook စိတ်တိုတိုနဲ့ Foxy ရဲ့ကျောကို ဖောင်းခနဲမြည်အောင်တစ်ချက်ချခဲ့ပြီး ကော်ဖီဆိုင်ကိုထွက်လာခဲ့လိုက်သည်။ ဆိုင်ကိုရောက်လို့ အကုန်လုံးပြင်ဆင်ပြီးသည်အထိ သူ့ကိုလိုက်မချော့တဲ့ Foxy ကြောင့် တကယ်ကြီးကိုစိတ်ဆိုးသွားပါပြီ။

အရင်တုန်းက သူ့ကိုဆို မျက်နှာလေးတစ်ချက်တောင်အပျက်မခံဘဲ လိုက်ချော့တဲ့Foxy က အခုလိုပစ်ထားတော့ သိပ်တော့မကျေနပ်ချင်။ အဲ့ဒါကြောင့် ကောင်တာစားပွဲပေါ်လက်တင်ပြီး မေးစေ့ပေါ်ထောက်ထားတဲ့ Jungkook လေးရဲ့မျက်နှာဟာရှုံ့မဲ့လို့လာပါသည်။

" ဟိတ်! "

Jungkook ကအတွေးတွေလွန်နေတုန်းမှာတင် တစ်ယောက်ယောက်က သူ့မျက်နှာရှေ့မှာ လက်ဖျောက်တီးလိုက်တာကြောင့် သူလဲအလန့်တကြားနဲ့ရှေ့ကိုကြည့်မိသည်။

" အာ တောင်းပန်ပါတယ် ဘာများသုံးဆောင်မလဲဗျ? "

" Black Coffee တစ်ခွက်ပေးပါ ဒါနဲ့ မင်းကိုယ့်ကိုတကယ်မမှတ်မိဘူးလား? "

ထိုသို့မေးလာတာကြောင့် Jungkook သူ့ရှေ့ကထိုသူကိုကြည့်လိုက်မိသည်။ မြင့်မားတဲ့အရပ်နဲ့ ဆွယ်တာအကျီအနက်ရောင်ပေါ်ကနေ long coat အနက်ရောင်တစ်ထည်ထပ်ဝတ်ထားပြီး လေးထောင့်ကိုင်းမျက်မှန်တစ်လက်ကိုလဲတပ်ထားလေသည်။

မြင်ဖူးသလိုလိုတော့ရှိပေမယ့် သူမမှတ်မိတော့ချေ။ Jungkook ခေါင်းခါပြတော့ အရှေ့ကထိုသူက သက်ပြင်းတစ်ချက်ချကာ ထိုင်ခုံမှာသွားထိုင်သည်။ အဲ့ဒါကြောင့် သူလဲ မှာထားတဲ့ Black Coffee ကိုထိုသူရှေ့မှာသွားချပေးလိုက်သည်။

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Dove le storie prendono vita. Scoprilo ora