12.ကိုယ့်ကိုအားကိုးစမ်းပါ သခင်

1.2K 147 48
                                    

Unicode

Taehyung အိပ်ရာကနိုးပြီး နာရီကြည့်လိုက်တော့နေ့လည်တစ်နာရီတောင်ရှိနေပြီ။ ရင်ခွင်ထဲကသခင့်ကိုငုံ့ကြည့်လိုက်တော့ အိပ်နေတာများနှစ်နှစ်ခြိုက်ခြိုက်။ တော်တော်ပင်ပန်းသွားတာဖြစ်လောက်မည်။ သခင့်ရဲ့မျက်နှာပေါ်ကျနေတဲ့ ဆံပင်တစ်ချို့ကိုသပ်တင်ပေးလိုက်ပြီး နဖူးလေးကိုတစ်ချက်နမ်းလိုက်သည်။

Ring! Ring!

ရုတ်တရတ်ဆိုသလိုဖုန်းသံမြည်လိုက်တာကြောင့် ဘေးနားကစားပွဲပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းပြီး အမြန်ယူလိုက်ရသည်။ ဖုန်းသံကြောင့် သခင်အိပ်ရေးပျက်မှာကိုသူမလိုလားချေ။

" ဟယ်လို! "

" မင်းကဘယ်သူလဲ? "

" ဗျာ! "

သခင်နိုးမှာစိုး၍အမြန်ဖုန်းကိုင်လိုက်တာကြောင့် ဘယ်သူ၊ ဘယ်ဝါမှန်းသေချာမကြည့်မိ။ ဘယ်သူလဲလို့မေးမှ သေချာပြန်ကြည့်လိုက်တော့ ' မေမေ ' တဲ့။

အမလေး Kim Tae Hyung ရဲ့...။

မင်းယောက္ခမကြီးဟ။

" ကျွန်..ကျွန်တော်က သခင်..အဲ..Jungkookie ရဲ့ချစ်..အဲ..သူငယ်ချင်းပါ "

ဖုန်းကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ရင်း သူပြောမိပါသည်။ ပြောမယ့်ပြောတော့လည်း စကားတွေကအထစ်ထစ်၊ အငေါ့ငေါ့။ ချစ်သူလို့ပြောလိုက်ချင်ပေမယ့် သခင်ကိုယ်တိုင်မိတ်ဆက်ပေးတာလိုချင်တာမလို့ ပြန်ပြောင်းပြောရပြန်ပါသည်။

" သူငယ်ချင်းဆိုလဲထားပါတော့ အခုငါ့သားကဘယ်သွားနေလို့လဲ? "

" Jungkookie ကအိပ်နေတာမလို့ပါ "

" ဟမ်! ကိုရီးယားမှာ အခုဆိုနေ့လည်လောက်ရောက်နေပြီမလား? "

" ဟုတ်..ဟုတ်ပါတယ် "

" အင်းးး Foxxyy! "

Taehyung ဖုန်းပြောနေတုန်း သူ့ဘေးနားကသခင်က လက်နှစ်ဖက်ကိုဆန့်တန်းရင်းသူ့ခါးကိုလာဖက်သည်။ ချွဲနေတဲ့သခင်ရဲ့ခေါင်းလေးကို လက်နဲ့ပွတ်သပ်ပေးလိုက်ရင်း သခင့်ကိုဖုန်းလာနေကြောင်းပြောဖို့ပြင်ရပါသည်။

" သခင် "

" အင်းးး "

" ဖုန်းလာနေတယ် သခင့်မေမေဆီကတဲ့ "

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Nơi câu chuyện tồn tại. Hãy khám phá bây giờ