Unicode
" သားငယ် "
" မေမေ တကယ်လာတယ်! "
" သားငယ်ရဲ့လက်ထပ်ပွဲကို မေမေကမလာပဲနေမလား? "
Jungkook ကိုလက်ထပ်ခွင့်တောင်းပြီးနှစ်လအကြာမှာ သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကိုပြုလုပ်ခဲ့ကြသည်။ မေမေကိုဖုန်းလှမ်းဆက်ပြီးပြောတော့ မေမေကဝမ်းသာအားရနှင့် ဂုဏ်ပြုပေးပါသည်။ ဒါပေမယ့် မေမေကအလုပ်များတဲ့သူဖြစ်တာကြောင့် ကိုရီးယားအထိလိုက်လာမယ်လို့မမျှော်လင့်ခဲ့ပါချေ။
ထို့ကြောင့် ဒီလိုမျိုးတကယ်လိုက်လာတဲ့အခါမှာ Jungkook တကယ်ကိုဝမ်းသာရပါသည်။ အဘွားကိုခေါ်ပေမယ့်လည်း အဘွားကမလာနိုင်တာကြောင့် နောက်မှ Jungkookတို့နှစ်ယောက်အတူတူသွားတွေ့ရန်ဆုံးဖြတ်ထားသည်။
" ကျေးဇူးပါ မေမေ "
" မလိုပါဘူး သားရယ် ဒါပေမယ့် သားတို့လက်ထပ်ပွဲပြီးတာနဲ့မေမေပြန်ရမယ် "
" မပင်ပန်းဘူးလား မေမေရယ် ဒီမှာနှစ်ရက်၊ သုံးရက်လောက်တော့ နေသွားတာမဟုတ်ဘူး? "
" အစကလည်းမေမေအဲ့လိုပဲစီစဥ်ထားတာ ဒါပေမယ့် အစည်းအဝေးရှိတယ်ဆိုပြီးဖုန်းဆက်လာလို့ လေ "
" မေမေပင်ပန်းမှာစိုးလို့ပါ "
" မေမေအဆင်ပြေပါတယ် ငါ့သားလေးတောင်အိမ်ထောင်သည်ကြီးဖြစ်တော့မှာပဲ "
" ဟီး "
မေမေကထိုသို့ပြောတော့ Jungkook ရှက်ရှက်နဲ့လည်ပင်းကိုလက်နဲ့ပွတ်လိုက်မိသည်။ ထို့နောက်အရှေ့ကမှန်မှာပေါ်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုပြန်ကြည့်မိသည်။ သူ့တစ်ကိုယ်လုံးအဖြူရောင်တွေနှင့် ဆင်မြန်းထားတာကြောင့် တစ်ကိုယ်လုံးဖြူစွတ်နေလေသည်။ အသားအရေဖြူဖြူဖွေးဖွေးကလည်း အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်ပနံသင့်စွာ။
လည်တိုင်မှာ Foxy ပေးထားတဲ့ဆွဲကြိုးလေးကလည်း သူ့ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သလို၊ လက်သူကြွယ်မှာဆင်မြန်းထားတဲ့ ကြည်လဲ့နေတဲ့လက်စွပ်လေးကတော့ သူ့ဘဝတစ်ခုလုံးကို Foxy အားပေးအပ်ခြင်း။
" သားငယ် အောက်ဆင်းကြစို့ "
" ဟုတ် မေမေ "
KAMU SEDANG MEMBACA
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fiksi Penggemar" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story