The Whole Chapter Contains Mature Scenes
Unicode
အိပ်မက်ရှည်ကြီးတစ်ခုကိုမက်ခဲ့ပြီးတဲ့နောက်မှာ လေးလံနေတဲ့မျက်ဝန်းတွေကို Taehyung ဖြည်းဖြည်းချင်းဖွင့်ကြည့်မိသည်။ မူးနောက်နေတဲ့ခေါင်းကိုလက်ဖြင့်ဖိကိုင်ရင်း ထထိုင်လိုက်သည်။ ရင်းနှီးနေတဲ့အခန်းဖွဲ့စည်းပုံနဲ့အငွေ့အသက်တို့ကြောင့် အိမ်ပြန်ရောက်နေပြီဆိုတာသိလိုက်သည်။
ထို့နောက် ဘေးကိုကြည့်လိုက်မိတော့ ကြမ်းပြင်ပေါ်မှာထိုင်ကာ ကုတင်ပေါ်လက်လေးတင်ပြီး ခေါင်းမှောက်အိပ်နေတဲ့သခင့်ကိုတွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်မှာအေးနေမည်စိုးတာကြောင့် ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်ကာ သူကိုယ်တိုင်လည်းဝင်အိပ်လိုက်သည်။ သခင့်ရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ရင်း အတွေးတွေကခုနကသူမြင်ခဲ့တဲ့ပုံရိပ်တွေဆီသို့။
မျက်လုံးတွေကိုမှိတ်ချလိုက်ရင်း ပုံရိပ်တစ်ခုချင်းစီကိုပြန်ပုံဖော်နေမိသည်။ ထိုအချိန်က သူတို့နှစ်ယောက်စလုံးအရမ်းကိုပျော်ရွှင်နေခဲ့ကြသည်ပဲ။ ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးလိုက်ရင်း သခင့်ကိုကြည့်လိုက်မိသည်။
မမှတ်မိခဲ့လို့တောင်းပန်ပါတယ်။
တစ်ယောက်တည်းချန်ထားခဲ့မိလို့တောင်းပန်ပါတယ်။
ဒါပေမယ့် ကိုယ်မင်းကိုချစ်ခဲ့တဲ့အတွက်တော့မတောင်းပန်နိုင်ဘူးသခင် ဒါမှမဟုတ် ငယ်လို့ပဲခေါ်ရလေမလား။
Taehyung ရဲ့ပါးပြင်ကနေတဆင့်စီးကျနေတဲ့ မျက်ရည်စက်တွေက သခင့်ရဲ့မျက်နှာပေါ်ကျရောက်သွားတာမလို့ တုန်ယင်နေတဲ့လက်တွေနဲ့ ခပ်ဖွဖွသုတ်ပေးမိသည်။ သူသုတ်ပေးနေတုန်း မျက်လုံးလေးတွေပွင့်လာတဲ့သခင်ဟာ အလန့်တကြားထထိုင်ပြီး သူ့မျက်နှာကိုကြည့်လာလေသည်။
" Foxy ဘာလို့လဲ? ဘာလို့ငိုနေတာလဲ? ကျွန်တော်ဘယ်လောက်စိတ်ပူနေလဲသိရဲ့လား? "
" Foxy ကို အိုထယ်ဝူဆိုတဲ့တစ်ယောက်ကဒီလိုဖြစ်အောင်လုပ်လိုက်တာလား? "
![](https://img.wattpad.com/cover/285520662-288-k420827.jpg)
YOU ARE READING
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story