Unicode
" Taehyung ဘာဖြစ်တာလဲ? "
အခန်းထဲကအော်သံကြောင့် Namjoonတို့နှစ်ယောက်အပြေးဝင်ကြည့်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကထိတ်လန့်စရာ။ သွေးတွေပေကျံကာသတိမေ့နေတဲ့Jungkookကိုဖက်ကာ အရူးတစ်ယောက်လိုငိုလိုက်၊ ရယ်လိုက်ဖြစ်နေတဲ့Taehyungကြောင့် Namjoonအပြေးလေး ကုတင်နားသွားလိုက်မိသည်။
" သခင်! ထလေကွာ! ကိုယ့်ကိုမစ,ပါနဲ့ "
" Taehyung "
" Joon Hyung! သခင့်ကိုဝိုင်းနှိုးပေးပါဦး! ဒီသခင်အဆိုးလေးက ကျွန်တော့်ကိုသွေးအတုတွေနဲ့စ,နေတယ် "
" Taehyung စိတ်ထိန်းဦး! "
" အားးး သခင်! ကိုယ့်ကိုထားမသွားရဘူးနော်! အင့်! ဟင့်! "
စိတ်လွတ်နေပြီဖြစ်တဲ့Taehyung ပုခုံးကိုလှုပ်ခါကာအသိပြန်ဝင်အောင် Namjoonလုပ်ရသည်။ ဒါတောင်မှ Namjoonကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေက အညိုရောင်ကနေ၊ အပြာရောင်ပြောင်းလဲသွားသည်မလို့ Namjoonတောင်လန့်သွားရပါသည်။ ဒေါသအရိပ်ယောင်တွေလွှမ်းနေတဲ့ထိုမျက်ဝန်းတစ်စုံက Namjoonကိုစူးစူးရဲရဲစိုက်ကြည့်လို့နေသည်။
" ငါ့ဆီကနေ သခင့်ကိုဘယ်သူမှမခေါ်သွားရဘူး "
ချစ်ရသူကို Namjoonကခေါ်သွားမှာစိုးသည့်နှယ်၊ Jungkookကို ရင်ခွင်ထဲဆွဲသွင်းကာ ပြောလာတဲ့ Taehyungကြောင့် သူလဲစိတ်မကောင်းဖြစ်ရပါသည်။
" Jungkook ဘာဖြစ်လဲဆိုတာသိအောင်လုပ်ရမယ်လေTaehyung အဲ့ဒါမှငါတို့ Jungkookကိုကယ်နိုင်မှာပေါ့ "
ထိုသို့လေသံအေးအေးနဲ့ Namjoonပြောလိုက်မှသာ အပြာရောင်မျက်ဝန်းတွေက အညိုရောင်အဖြစ်ပြန်လည်ပြောင်းသွားပြီး Jungkookကိုကုတင်ပေါ်လှဲစေသည်။ ထိုအခါမှ ဘေးနားမှာရပ်နေတဲ့Seok Jinက Jungkookအခြေအနေကိုကြည့်ပေးရတော့သည်။
Taehyungကတော့ သူ့သခင်မျက်နှာကိုသာမျက်တောင်မခတ်ပဲကြည့်နေလေသည်။ ကိုယ်အမြတ်တနိုးတန်ဖိုးထားရာလေးပျောက်ကွယ်သွားမှာစိုးရိမ်နေသည့်အလား။ ခဲမှန်ဖူးတဲ့စာသူငယ်ကိုမှ၊ ဒီလိုအဖြစ်အပျက်မျိုးထပ်ဖြစ်လေသလား။ ဆုံးရှုံးရမှာကြောက်တဲ့စိတ်က ရင်၌ဖြစ်တည်ပါသည်။
BẠN ĐANG ĐỌC
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story