20.ဆွန်းဟိုအသေးလေး

1.1K 124 18
                                    

Unicode

မီးဖိုခန်းထဲမှာ Jungkookတစ်ယောက်သီချင်းလေးညည်းရင်း မနက်စာပြင်ဆင်နေမိသည်။ အခုဆိုရင်အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်နေချေပြီ။ Foxyနဲ့သူ့ရဲ့အိမ်ထောင်ရေးလေးကလဲသာသာယာယာပါပင်။

Jungkookတို့အိမ်ထောင်သက်တမ်းတစ်လပြည့်တဲ့အချိန်မှာ မေမေကFoxyကို ဆိုးလ်ကရုံးခွဲမှာဦးစီးစေတယ်။ အစပိုင်းကတော့ မကျွမ်းကျင်ပေမယ့် မေမေနဲ့အစ်ကိုထယ်ဝူတို့ရဲ့အကူအညီတို့ကြောင့် အခုတော့ တော်တော်လေးအဆင်ပြေနေပြီဖြစ်သည်။

Foxyနဲ့ အစ်ကိုထယ်ဝူကတော့တည့်သွားပြီဟုလည်းမဆိုသာပါချေ။ တစ်ခါတလေ နှစ်ယောက်သား စောင်းချိတ်နေကြသည်ကများသည်။ ထို့ကြောင့် Jungkookလည်း ထိုသူတို့နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချရုံပဲတတ်နိုင်တော့သည်။

နောက်ပြီး မေမေ့ကိုလည်းအမှန်အတိုင်းအကုန်ဝန်ခံခဲ့ကြသည်။ မေမေကအံ့သြသွားပေမယ့် လက်ခံပေးခဲ့ပါသည်။ ထိုအချိန်မှာမေမေပြောခဲ့တဲ့စကားတစ်ခွန်းကိုသတိရမိပါသေးသည်။ ' ငါတို့မိသားစုက ဘာလို့လူမဟုတ်တာတွေနဲ့လာပတ်သတ်နေရတာလဲ ' တဲ့။ ဟုတ်တော့လည်း ဟုတ်သား။

ဘူဆန်ကအဘွားဆီကိုတော့ တစ်လတစ်ခါရောက်အောင်သွားသည်။ Jungkookကတော့ အရင်အတိုင်းပါပင်။ Foxyက ကော်ဖီဆိုင်ကိုပိတ်ဖို့ပြောပေမယ့် သူငြင်းခဲ့သည်။ ဘာပဲ​ဖြစ်ဖြစ် အလုပ်လေးတစ်ခုလုပ်နေရတာက သူ့အတွက်အဆင်ပြေသည်လေ။

အတွေးလွန်နေရင်းမှာပင် ခါးကိုသိုင်းဖက်လာတဲ့လက်တစ်စုံကြောင့် လက်ရှိအခြေအနေသို့ပြန်ရောက်လာသည်။ သူ့ပုခုံးပေါ်မေးတင်ထားရင်းမှ လည်တိုင်ကိုနမ်းရှိုက်လာတဲ့ Foxyရဲ့ငွေမျှင်ရောင်ဆံပင်တွေကို လက်နဲ့ဖွပေးလိုက်သည်။

" ကျွန်တော်လည်း ဒီဟာလေးချက်ပြီးရင် Foxyကိုလာနှိုးတော့မလို့ "

" အွန်း "

" Foxy ရေသွားချိုးတော့ ကုမ္ပဏီသွားဖို့နောက်ကျနေမယ် "

" စောပါသေးတယ်ကွာ ပြီးတော့ ကိုယ်အခုထိ Morning Kissလည်းမရသေးဘူး "

" ကျွန်တော်ပေးပြီးပြီ Foxyအိပ်နေလို့မသိတာ "

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Où les histoires vivent. Découvrez maintenant