Unicode
Taehyung ပန်းချီကားထဲပိတ်မိနေသည်မှာနှစ်တစ်ရာပင်ရှိပြီဖြစ်သည်။ ပြောရရင်တော့ တကယ့်ကိုအထီးကျန်ဆန်လွန်းသည်။ မှောင်မဲလွန်းတဲ့ ဒီပန်းချီကားရဲ့အပြင်ဘက်မှာဘာတွေဖြစ်နေလဲဆိုတာ သူမသိရပေ။
ရုတ်တရတ် တစ်နေရာကနေအလင်းတန်းတစ်ခုဖြာထွက်လာသည်မလို့ မျက်နှာကိုလက်နဲ့ကာရင်း ထိုနေရာကိုသူကြည့်မိသည်။
တံခါးတစ်ချပ်။
ထိုအလင်းတန်းထွက်ပေါ်လာတဲ့နေရာမှာ တံခါးတစ်ချပ်ရှိနေခဲ့သည်။ Taehyung ထိုတံခါးဆီဖြည်းဖြည်းချင်းလမ်းလျှောက်လာမိသည်။ သူတံခါးဆီသွားနေတဲ့အချိန်မှာပင် အဖြူရောင်မြေခွေးလေးတစ်ကောင်က သူ့ဆီပြေးလာသည်။
သူမှတ်မိသလောက်ကတော့ ဒီမြေခွေးလေးဟာ သူအရင်ကနေခဲ့တဲ့တောအုပ်ထဲကမြေခွေးလေးပင်။ Taehyung ထိုမြေခွေးလေးကို လက်နဲ့ပွေ့လိုက်ပြီး မ,ချီလိုက်သည်။
" မင်း ဘယ်လိုရောက်လာတာလဲ? "
Taehyung မေးတော့ ထိုမြေခွေးလေးကသူ့လက်ထဲကနေ အတင်းရုန်းပြီးတစ်ခုခုကိုပြချင်နေသည့်နှယ်။ သူသေချာကြည့်မိတော့ မြေခွေးရဲ့ခြေထောက်မှာစာလိပ်လေးတစ်ခုရှိနေသည်။ ထိုမြေခွေးလေးကိုပွေ့ထားရာကနေ အောက်ချလိုက်ပြီး စာကိုဖတ်ကြည့်လိုက်သည်။
* အသင် Kim Tae Hyung ကိုသနားငဲ့ညှာသောအားဖြင့် နတ်ဘုရားများကအသင့်အား နောက်တစ်ကြိမ်အခွင့်အရေးပေးအပ်ပေမည်။ ဤသည်မှာ လူ့အသက်ကိုကယ်ဆယ်ရန်ဖြစ်သည်။ ယခု အသင်မြင်တွေ့နေရသောတံခါးပေါက်ကနေထွက်လာခဲ့ပါက သင်သည်လွန်ခဲ့သောနှစ်တစ်ရာကိုပြန်ရောက်ကာ သေဆုံးခဲ့သောလူသားများကို လေးရက်အတွင်းကယ်ဆယ်ရပေမည်။ လေးရက်ပြည့်သည့် နေဝင်ချိန်တွင် ယခုကဲ့သို့တံခါးတစ်ချက်ပေါ်လာပါကချက်ချင်းပြန်လာရပေမည်။ အချိန်မီပြန်မရောက်ပါက ပြစ်ဒဏ်ပေးခြင်းခံရပေမည်။ အရေးကြီးဆုံးအချက်မှာ လေးရက်မြောက်နေ့မနက်တွင် အသင်ဖန်တီးခဲ့သောမိုးရွာသွန်းမှုဖြစ်ပေါ်ပါလိမ့်မည်။ *
Taehyung ထိုစာကိုသေချာဖတ်ပြီးသည်နှင့် အကျီဝတ်ရုံထဲထည့်ထားလိုက်သည်။ ဆိုလိုသည်မှာ နတ်ဘုရားဖြစ်ဖို့အခွင့်အရေးပေးခြင်းမဟုတ်ပဲ လူ့အသက်ကိုကယ်ဖို့အခွင့်အရေးပေးခြင်းဖြစ်သည်။ သူနတ်ဘုရားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ထိုကလေးလေးကိုကယ်ခွင့်ရမယ်ဆိုတဲ့အချက်ကြောင့် မြေခွေးလေးပြေးထွက်သွားတဲ့ တံခါးပေါက်ကနေသူလည်းထွက်လာခဲ့လိုက်သည်။
![](https://img.wattpad.com/cover/285520662-288-k420827.jpg)
BẠN ĐANG ĐỌC
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story