7.ကိုယ့်ရဲ့သခင်အဆိုးလေး

1.3K 164 29
                                    

Unicode

အဘွားအိမ်ကပြန်ရောက်ပြီးကတည်းက Foxy တစ်ယောက်အရမ်းကိုငြိမ်နေသလိုပဲ။ Jungkook ကိုလိုက်ပြီးစ,မနေတော့သလို၊ ဧည့်ခန်းထဲမှာတစ်ယောက်တည်းထိုင်ပြီး တစ်ခုခုကိုတွေးကာအမြဲစိတ်လွင့်နေတတ်သည်။

" Foxy နေမကောင်းဘူးလား? "

" Foxy ! Foxy ! ရားးး Kim Tae Hyung "

" ဟင် သခင် "

အခုလည်း Jungkook ခေါ်သံကိုမကြားတာကြောင့် Foxy ရဲ့နာမည်အရင်းကိုခေါ်လိုက်တော့မှ သူ့အနောက်ကနေသိုင်းဖက်ထားရင်း Foxy ကအခုမှအသိဝင်ပုံပဲ။ Jungkook လည်း သူ့ကိုဖက်ထားတဲ့ Foxy လက်ကိုကိုင်ရင်းခေါင်းလေးလှည့်ကာ မေးမိသည်။

" Foxy ဘာဖြစ်နေတာလဲ? "

" ဟင့်အင်း ဘာမှမဖြစ်ပါဘူး "

" သေချာလို့လား? "

Jungkook မေးတော့လဲ ခေါင်းလေးအသာညိတ်ပြကာ သူ့ရဲ့လည်ပင်းနားခေါင်းအပ်ရင်း ခပ်တင်းတင်းဆွဲဖက်သည်။ ဒီလိုအမူအရာတွေကတော့ Jungkook အတွက်အရင်တုန်းကလောက်စိမ်းသက်မနေတော့ပေ။ ထို့ကြောင့် Foxy ရဲ့ဆံပင်လေးကိုအသာဖွပေးနေလိုက်သည်။

" Foxy ဆိုင်ကိုမလိုက်ခဲ့နဲ့တော့ အိမ်မှာပဲအေးဆေးနေခဲ့နော် "

" အင်း ကိုယ့်သခင်သဘော "

Foxy ကပြောပြီးသည်နှင့် သူ့ကိုလွှတ်ပေးကာ အိမ်ရှေ့အထိလိုက်ပို့သည်။ သူလဲ Foxy ကို​နှုတ်ဆက်ကာ ဆိုင်ကိုထွက်လာခဲ့လိုက်သည်။

ဆိုင်ကိုသွားတဲ့လမ်းတလျှောက်လုံး သူစဥ်းစားမိနေတာက Foxy ရဲ့အကြောင်းပါပဲ။ အရင်ကဆိုလျှင် သူမခေါ်ရင်တောင်မရမကလိုက်မယ့် Foxy က အခုတော့တစ်ခွန်းပြောရုံနှင့် အိမ်မှာနေခဲ့သည်လေ။

Foxy မှာလည်းစိတ်ညစ်စရာတွေရှိနေပုံပဲ။ အဲ့ဒါကြောင့် သူကထပ်ပြီးစိတ်ညစ်အောင်မလုပ်ချင်။ တစ်ခါတလေ တစ်ယောက်တည်းအေးအေးဆေးဆေးနေတာက ပိုကောင်းသည်လေ။

Jungkook ဘဝထဲ မထင်မှတ်ပဲရောက်လာခဲ့တဲ့ Foxy ကိုသူသံယောဇဥ်ဖြစ်မိပါသည်။ အမြဲတစ်ယောက်တည်းနေခဲ့တဲ့သူက အခုလိုဘေးနားမှာဂရုစိုက်ပေးတဲ့တစ်စုံတစ်ယောက်ရောက်လာလို့ အဖော်မင်တာလားဆိုတာတော့ သူသေချာမသိပါချေ။

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Wo Geschichten leben. Entdecke jetzt