13.နယူးယောက်စီးတီး

977 127 18
                                    

Unicode

အခုဆိုရင် Jungkook တို့နှစ်ယောက်စလုံးနယူးယောက်ကိုသွားမည့်လေယာဥ်ပေါ်ရောက်နေပြီဖြစ်သည်။ထို့ကြောင့် ရှပ်အကျီအဖြူပေါ်ကထပ်ဝတ်ထားတဲ့ Longcoat ကိုချွတ်လိုက်ကာထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ Foxy ကတော့မနေ့ညကတည်းက စိတ်လှုပ်ရှားနေသည်။ ဘာလို့လဲဆိုတော့ Foxyက အခုမှပထမဦးဆုံးလေယာဥ်စီးဖူးတာဖြစ်သည်လေ။

" သခင် ကိုယ့်ကိုဖက်ထားနော် "

Jungkook ကပြတင်းပေါက်နားမှာထိုင်တာမလို့အပြင်ဘက်ကိုလှမ်းကြည့်နေတုန်း Foxy ရဲ့အသံကိုကြားတာကြောင့်လှည့်ကြည့်မိသည်။ သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့အပြင် သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေပုံက သူများတွေအမြင်မှာတော့ ဒီကောင်လေးကအရမ်းကြောက်နေတာလားဆိုပြီးထင်ကောင်းထင်ပေလိမ့်မည်။

Jungkook အမြင်မှာတော့နည်းနည်းမပိုလွန်းဘူးလားလို့။ လေယာဥ်တောင်မထွက်သေးဘူးလေ။ စိတ်ထဲမှာဘယ်လိုပဲတွေးနေပါစေ၊ အကျင့်ပါနေပြီဖြစ်တဲ့သူ့လက်တွေကတော့ လည်ဂုတ်အထိရှည်နေတဲ့ Foxy ရဲ့ငွေမျှင်ရောင်ဆံပင်တွေကိုအလိုအလျောက်ဆွဲဖွနေမိပြီဖြစ်သည်။

" အားး! သခင် ကြောက်စရာကြီး ကိုယ့်ကိုမလွှတ်လိုက်နဲ့နော် "

" အင်းအင်း ဘာမှမဖြစ်ဘူးနော် "

လေယာဥ်စထွက်ပြီဆိုတာနှင့် ရင်ဘတ်ကိုမျက်နှာအပ်ကာအော်နေတဲ့ Foxy ကြောင့် တကယ်များကြောက်နေတာလားဆိုပြီး Foxy ရဲ့မျက်နှာကိုကြည့်ဖို့လုပ်နေတော့ မဖယ်ပေးပဲခါးကိုသာအတင်းဖက်ထားလေသည်။ ထို့ကြောင့် မကြောက်စေရန် Foxy ရဲ့ကျောပြင်ကိုပြန်ဖက်ရင်း ငွေမျှင်ရောင်ဆံပင်တွေထဲမျက်နှာအပ်ထားလိုက်သည်။

Jungkook ရင်ခွင်ထဲအတင်းတိုးဝင်ကာကြောက်နေပုံရတဲ့ Foxy လေး Kim Tae Hyung မှာတော့ သူ့သခင်ရဲ့ကိုယ်သင်းရနံ့ကိုရှူရှိုက်ရင်း တစ်ချက်တစ်ချက်နှုတ်ခမ်းတွေကလည်း ရှပ်အကျီကြယ်သီးဖြုတ်ထားလို့လွတ်နေတဲ့သူ့သခင်ရဲ့ရင်ဘတ်ကိုသွားပြီးထိနေတတ်ပါသေးသည်။ ကြောက်တယ်လို့တစ်ချက်အော်လိုက်တိုင်း ဆံနွယ်တွေကိုနမ်းရှိုက်တတ်တဲ့သခင်ဖြစ်သူကြောင့် မျက်နှာမှာအပြုံးပန်းတွေပွင့်လန်းလျက်ရှိလေသည်။

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Donde viven las historias. Descúbrelo ahora