14.သူငယ်ချင်း

903 126 9
                                    

Unicode

Jungkook အခုရောက်နေသည့်နေရာမှာ နယူးယောက်၏နာမည်ကြီးစားသောက်ဆိုင်တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရရင် အိုထယ်ဝူပိုင်ဆိုင်တဲ့စားသောက်ဆိုင်ဖြစ်သည်။ VIP အခန်းမှာ အိုထယ်ဝူကိုစောင့်နေရင်းနဲ့ မနေ့ကမေမေပြောခဲ့တဲ့စကား​တွေကို ပြန်ကြားယောင်နေမိသည်။

" သားငယ် "

" ဟင် မေမေ "

မနေ့ကကိစ္စဖြစ်ပြီးနောက် မေမေကသူ့အခန်းထဲကိုဝင်လာပြီးစကားလာပြောခဲ့သည်။ မေမေလာတာကြောင့် ထဖို့ပြင်လိုက်ပေမယ့် သူ့ကိုယ်ပေါ်တက်အိပ်နေတဲ့ Foxy ကြောင့် ဘယ်လိုမှထလို့မရချေ။ စောင်ခြုံထားတာကြောင့် သူ့ကိုယ်ပေါ်မှာရစ်ပတ်ထားတဲ့ Foxy ရဲ့အမြီးတွေကို မေမေမတွေ့လို့တော်သေးသည်။

" ရတယ် သားငယ် ဒီအတိုင်းပဲနေ "

" မေမေဘာပြောမလို့လဲ? ခုနကကိစ္စဆိုရင်တော့ ကျွန်တော်လက်မခံဘူးနော် "

အခုမှပြန်တွေ့ရတာမလို့ မေမေ့ကိုအော်ဟစ်ပြီးပြောမနေချင်တော့။ ခုနကအော်လိုက်မိတာတောင် သူ့စိတ်ထဲမှာမကောင်းချေ။ ထို့ကြောင့် သူလေသံအေးအေးလေးနဲ့ပဲပြောနေမိသည်။

" မေမေပြောချင်တာက ဒီကိစ္စကိုသားလက်မခံချင်ဘူးဆိုလဲရတယ်..။ သားကိုမေမေဖိအားမပေးပါဘူး..သားထယ်ဝူနဲ့လက်ထပ်စေချင်တယ်ဆိုတာကလည်း သားမှာချစ်ရမယ့်သူမရှိသေးဘူးလို့မေမေထင်လို့လေ..။ မိဘဆိုတာသားသမီးကိုကောင်းစားစေချင်ကြတာပဲ ဟုတ်တယ်မလား..? "

" အင့်...အီးးးး..ဟီးးးး မေမေ..တကယ်..အင့်.ပြောတာလား? "

မေမေတကယ်အဲ့လိုပြောမယ်မှန်း မထင်ထားတာကြောင့် ငိုနေမိသည်။ ပြီးတော့ ပျော်လဲပျော်နေမိသည်။ မေမေကသူ့ကိုချစ်တယ်။ သူမြင်အောင်မကြည့်ခဲ့တာ။

" အိုက်ရီးဂူး မငိုပါနဲ့ သားရယ်...။ ဒါပေမယ့် တစ်ခုတော့ရှိတယ် အခုကိစ္စမှာမေမေကပဲ သားထယ်ဝူကိုစပြီး ကမ်းလှမ်းခဲ့တာမလို့ မေမေဘက်ကစပြီးဖျက်သိမ်းမယ်ဆိုရင်မျက်နှာပျက်စရာတွေဖြစ်ကုန်မှာ အဲ့ဒါကြောင့် မနက်ဖြန်သူ့ကိုသွားတွေ့ပြီးအကျိုးအကြောင်းလေးပြောကြည့် ဟုတ်ပြီလား? "

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }Where stories live. Discover now