Contain Mature Scenes
Unicode
လရောင်မှိန်မှိန်က မှောင်မည်းနေတဲ့ညကိုအလင်းရောင်ပျပျပေးလို့နေတယ်။ စားပွဲပေါ်ကဝိုင်ပုလင်းအလွတ်တစ်လုံးနှင့်အတူ၊ Taehyungသည်လည်းရီဝေဝေဖြစ်လို့နေချေပြီ။ လက်ထဲကသောက်လက်စဝိုင်ခွက်ကို မော့ချလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။ ဝိုင်အရှိန်နဲ့မျက်နှာတစ်ခုလုံးရဲတောက်ကာ မျက်ဝန်းတစ်စုံကလည်းနီရဲလို့နေသည်။
တစ်ပတ်ရှိပြီ..။
ဆိုးလ်ကအိမ်ကိုပြန်ရောက်နေတာလဲတစ်ပတ်ရှိပြီ။ ထိုအဖြစ်အပျက်တွေဖြစ်ခဲ့တာလဲတစ်ပတ်ရှိပြီ။ ပြီးတော့ သခင်သူ့ကိုရှောင်နေတာလဲတစ်ပတ်ရှိပြီ။
သခင်နိုးလာတဲ့ညက Jinဆီသွားနေတုန်း၊ အဘယ်ကြောင့်မှန်းမသိ ရင်ခွင်ထဲရောက်လာတဲ့ခန္ဓာကိုယ်လေးကြောင့် အလန့်တကြားဖက်လိုက်မိသည်။ အကြောင်းအရင်းမှာတော့ သခင်ကသူ့နာမည်ခေါ်လိုက်လို့ပါတဲ့။
အရင်ကဆို သခင့်ဆီသူရောက်သွားတာဖြစ်ပေမယ့် အခုတော့သခင်ကသူ့ရင်ခွင်ထဲတန်းတန်းမတ်မတ်ကိုဝင်လာခဲ့တာဖြစ်သည်။ ဒီလိုဖြစ်ရတာက Taehyungရဲ့အမြုတေကသခင့်ဆီရောက်သွားတာကြောင့်ပင်။
ထို့နောက် သခင်ကိုအကြောင်းစုံပြောပြပြီးချိန်မှာတော့ သခင်ဟာသူ့ကိုစိုက်ကြည့်ပြီးမျက်ရည်တွေကျနေခဲ့ပါသည်။ ထိုအချိန်မှာပင် အားနည်းနေတာကြောင့်ရော၊ အရမ်းငိုလိုက်တာကြောင့်ပါ၊ သခင်ဟာသူ့ရင်ခွင်ထဲမှာပင်သတိမေ့သွားခဲ့ပါသည်။
သို့ပေမယ့် သခင်သတိပြန်ရလာချိန်ကစပြီးသူ့ကိုရှောင်နေသည်မှာအခုထိဖြစ်သည်။ သခင်ဝမ်းနည်းနေတာကိုသိတယ်။ ဒါပေမယ့် သူ့ကိုတွေ့တိုင်းရှောင်နေစရာမှမလိုပဲလေ သခင်ရယ်။ တွေးရင်းနှင့်ပင် မျက်ရည်တစ်စက်ကသူ့ပါးပြင်ပေါ်စီးကျသည်။
သူ့အမြုတေကိုသခင့်ဆီပေးပြီးနောက်ပိုင်း သခင်ရဲ့ခံစားချက်ကို Taehyungပိုသိလာရတယ်။ သခင့်ရဲ့စိတ်ခံစားချက်အလုံးစုံက သူ့ဆီတိုက်ရိုက်ကူးစက်လာတယ်။ သခင်နဲ့သူဟာ နှစ်ကိုယ့်တစ်စိတ်ပုံစံမျိုးဖြစ်လာခဲ့တယ်။

ESTÁS LEYENDO
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfic" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story