Unicode
လေးလံနေတဲ့မျက်ဝန်းတွေကို ဖြည်းဖြည်းချင်းဖွင့်မိတော့ အခန်းထဲကအလင်းရောင်ကြောင့် Jungkook မျက်လုံးတွေကိုချက်ချင်းပြန်မှိတ်ချလိုက်သည်။ နောက်တစ်ခါထပ်ဖွင့်ကြည့်တော့မှ အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရလေသည်။
သူအိမ်ကိုဘယ်လိုပြန်ရောက်နေတာလဲ။ သူက Foxyရဲ့ကုမ္ပဏီမှာရှိနေရမှာမဟုတ်ဘူးလား။
" ကလေးလေးက ပါးပါးကိုအရမ်းပင်ပန်းအောင်မလုပ်ရဘူးနော် "
သူနိုးလာတာကိုမသိသေးတဲ့Foxyက သူ့ဗိုက်လေးကိုခပ်ဖွဖွကိုင်ကာ စကားဆိုနေလေသည်။ သူလှဲနေရာကနေဖြည်းဖြည်းချင်းထိုင်လိုက်မှ Foxyကသူ့ကိုဆွဲဖက်လာလေသည်။
" Foxy! "
" သခင်နိုးပြီလား "
" အင်း ကျွန်တော်ဘာဖြစ်သွားတာလဲဟင် "
" ကိုယ်ပြောပြမယ် သေချာနားထောင်နော် "
လက်တစ်ဖက်ကသူ့လက်ကိုဆုပ်ကိုင်ကာ နောက်လက်တစ်ဖက်ကသူ့ဗိုက်လေးကိုခပ်ဖွဖွပွတ်သပ်နေသည်။ ထို့နောက် သူမျက်လုံးကိုစိုက်ကြည့်ကာပြောလာပါသည်။
" သခင်ရဲ့ဒီဗိုက်လေးထဲမှာလေ ဆွန်းဟိုအသေးလေးရှိနေပြီတဲ့ "
" ဆွန်းဟိုအသေးလေး? "
Jungkookထိုစကားလုံးလေးကိုရေရွတ်နေမိပြီး တစ်စုံတစ်ခုကိုသူသဘောပေါက်လိုက်သည်။ ဆိုလိုတာက သူ့ရဲ့ဗိုက်ထဲမှာ Foxyရဲ့ကိုယ်ပွားလေးရှိနေပြီတဲ့လား။ သူ့ဗိုက်လေးကိုလက်နှစ်ဖက်နဲ့ဖွဖွပွတ်သပ်လိုက်ရင်း မျက်ရည်ကျမိသည်။
" သခင်ကလည်းဘာလို့ငိုတာလဲကွာ "
" ဟင့် ပျော်လို့ "
" ပျော်တာများငိုရလားကွာ ကဲ ငိုချင်တယ်ဆိုရင်လည်းငိုလိုက် ဒါပေမယ့်အရမ်းကြီးတော့မငိုပါနဲ့ သခင်ပင်ပန်းမှာစိုးလို့ "
Foxyက သူ့မျက်ရည်တွေကိုသုတ်ပေးကာ ရင်ခွင်ထဲဆွဲထည့်ရင်းပြောသည်။ သူ့စိတ်ထဲမှာကြည်နူးနေမိတာ။ Foxyရဲ့ကိုယ်ပွားလေးကို ကိုယ်တိုင်မွေးပေးနိုင်တော့မယ်ဆိုတဲ့ပျော်ရွှင်မှု။ နောက်ထပ် သူတို့နှစ်ယောက်တည်းရှိနေတဲ့ဒီအိမ်လေးမှာ ကလေးလေးရဲ့ရယ်သံလေးတွေတိုးလာတော့မယ်ဆိုတဲ့အတွေး။
CITEȘTI
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story