22.ချစ်ခြင်းမေတ္တာ

1.4K 122 20
                                    

Unicode

" တစ်..နှစ်..သုံး..လေး..ငါး "

" အာ့! တော်ပြီလေ သခင် "

" Foxyကလည်း ငြိုငြင်တာလား? "

" မဟုတ်ရပါဘူးဗျာ ဒါပေမယ့် ကိုယ်နာတယ်လေ  ဒီမှာတွေ့လား? ကိုယ့်အမြီးအမွှေးတွေပြောင်ကုန်တော့မှာပဲ "

" Foxyမှာ အမြီးကကိုးချောင်းတောင်ရှိတာပဲလေ ဒီတစ်ချောင်းပြောင်သွားလို့ဘာမှမဖြစ်ပါဘူး "

" ရက်စက်လိုက်တာ သခင်ရာ "

Taehyung မျက်နှာလေးရှုံ့မဲ့မဲ့နှင့်သက်ပြင်းချမိသည်။ အင်း..ချစ်တော့လည်းသည်းခံပေဦးပေါ့။ ထို့အပြင် သခင့်ဗိုက်ထဲကဆွန်းဟိုအသေးလေးမှာလည်း ထွက်လာခါနီးပြီမလို့ အစစအရာရာအကုန်လုံးဂရုစိုက်ကာ၊ သခင့်စိတ်တိုင်းကျဖြစ်စေသည်။

ထို့ကြောင့် Taehyungမှာ သခင်စိတ်ချမ်းသာရင်ပြီးရောဆိုသောသဘောဖြင့် ပေါင်ပေါ်ရှိအမောင်ဗိုက်ပူလေးကိုသာကြည့်နေမိတော့သည်။ ကိုယ်ဝန်စရှိကတည်းက အိမ်ထဲမှာပဲနေခဲ့ရသူမလို့ အသားအရည်တို့ကဖွေးဥကာ၊ မျက်နှာလေးမှာလဲကြည်လင်လို့နေသည်။

ပန်းနုရောင်သန်းနေသောပါးဖောင်းဖောင်းလေးကလည်း ဆွဲကိုက်ချင်စရာအတိ။ နှုတ်ခမ်းပါးတစ်စုံကတော့ သူ့အတွက်ဝိုင်တစ်ခွက်ကဲ့သို့ယစ်မူးနေမိတာအကြိမ်ကြိမ်။ သို့ပေမယ့်လည်း အခုအချိန်မှာတော့ ဒီအတိုင်းအသည်းယားနေရုံသာတတ်နိုင်ပါသည်။ သူ့ရဲ့သခင်ဟာ နုနယ်လွန်းနေသည်မဟုတ်ပါလား။

" အာ့! Foxy "

" ဟင်! သခင်ဘာဖြစ်လို့လဲ? "

" ဗိုက်..ဗိုက်နာတယ် "

ချက်ချင်းသူ့ပုခုံးကိုအားပြုကိုင်ကာ မျက်ရည်တို့ရစ်သိုင်းရင်းပြောလာသူကြောင့် Taehyungမျက်လုံးတွေပြာဝေသွားရသည်။ သခင့်ကိုပွေ့ချီကာ အိပ်ရာပေါ်သေချာတင်ပေးလိုက်ရင်း သခင့်မေမေကိုလှမ်းခေါ်ရတော့သည်။

" အမေ.. အမေရေ ဒီမှာသခင်ဗိုက်နာလို့တဲ့ "

သတိမေ့ချင်သလိုလိုဖြစ်နေတဲ့သခင့်ရဲ့ပါးလေးကိုခပ်ဖွဖွပုတ်ရင်း နာကျင်မှုကိုတင်းခံနေတဲ့သခင့်ကိုကြည့်ပြီး Taehyungမျက်ရည်ကျမိသည်။ ထိုအချိန်မှာပင် သခင့်မေမေနဲ့ Jinရောက်လာသည်မလို့ အားကိုးတကြီးဖြင့်ကြည့်လိုက်မိသည်။ Joon Hyungကတော့ သူ့ပုခုံးကိုတစ်ချက်ပုတ်ပေးကာ အခန်းပြင်ပြန်ထွက်သွားသည်။

မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }حيث تعيش القصص. اكتشف الآن