Unicode
ပြတင်းပေါက်ကနေဖြာကျလာတဲ့မနက်ခင်းနေရောင်က Taehyung ရဲ့ကျောပြင်ပေါ်ကိုကျရောက်လာသည်။ ကျောပြင်ကအပူရှိန်ကြောင့် Taehyung မျက်နှာလေးတစ်ချက်ရှုံ့ရင်း မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။
ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သခင့်ကိုကြည့်ပြီး Taehyung နှုတ်ခမ်းထောင့်စွန်းလေးကော့တက်သွားသည်အထိပြုံးမိသည်။ သခင့်မျက်နှာပေါ်နေရောင်မထိုးအောင် သူ့ခန္ဓာကိုယ်နှင့်ကွယ်လိုက်ရင်း သခင်ရဲ့ဆံပင်လေးတွေကိုဖွနေမိသည်။
မနေ့ညကဆေးမသောက်ပဲအိပ်လိုက်တဲ့သခင်ကြောင့် အဖျားတွေတက်ကာတစ်ကိုယ်လုံးမီးခဲလိုပင် ပူကျစ်နေတော့သည်။ အဲ့ဒါကြောင့် Taehyung ရေပတ်တိုက်ပေးလိုက်၊ အကျီလဲပေးလိုက်နှင့် တစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရပါပေ။ သို့ပေမယ့်လည်း သူကအိပ်ချိန် အရမ်းလိုအပ်တဲ့သူမဟုတ်လေတော့ အဆင်ပြေပါသည်။
Taehyung အိပ်ရာပေါ်ကထလိုက်ပြီး ပြတင်းပေါက်ကလိုက်ကာလေးကို သွားဆွဲချလိုက်သည်။ ထို့နောက် သခင့်ကိုစောင်သေချာခြုံပေးပြီး နဖူးလေးကိုတစ်ချက်နမ်းကာ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။ အောက်ထပ်ရောက်သည်နှင့် မီးဖိုခန်းထဲဝင်ကာ သခင့်အတွက် စားစရာတစ်ခုခုလုပ်ပေးဖို့သူပြင်ဆင်ရသည်။
သူက ဟင်းချက်တတ်တဲ့သူမဟုတ်လေတော့ ရေခဲသေတ္တာထဲက ရယ်ဒီမိတ်ဖက်ထုပ်လေးတွေကိုထုတ်ပြီး ပြုတ်ထားလိုက်သည်။ ဖက်ထုပ်တွေကျက်သည်နှင့် ပန်းကန်လုံးလေးထဲသေချာထည့်လိုက်သည်။ ထို့နောက် ဗန်းတစ်ခုထဲမှာ ဖက်ထုပ်ပန်းကန်လေးရယ်၊ ဘနားနားမစ်တစ်ဘူးရယ်၊ သခင်သောက်ဖို့ဆေးနဲ့ ရေခွက်လေးတို့ကိုထည့်လိုက်ပြီး အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်သည်နှင့် အခန်းတံခါးကိုခြေထောက်နဲ့အသာတွန်းကာ ယူလာတဲ့ဗန်းကိုစားပွဲတစ်ခုပေါ်တင်လိုက်သည်။ ပြီးသည်နှင့် Taehyung သခင့်ကိုနှိုးရတော့သည်။
" သခင် ထတော့လေ "
" ...... "
" သခင်ရေ ထတော့လို့ မနက်စာစားပြီးဆေးသောက်ရမယ် "
CZYTASZ
မြေခွေးလေးချစ်ရတဲ့လူသားငယ် { COMPLETED }
Fanfiction" ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " " ကိုယ်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ ပြန်လည်ဆုံတွေ့ရမယ်ဆိုတာ ကံကြမ္မာကသတ်မှတ်ထားပြီးသား သခင် " KIM TAE HYUNG X JEON JUNG KOOK #Plot From Game Story