"ဝမ်ရိပေါ် ရှင့်ကိုကျွန်မ သိပ်မုန်းတယ် ကျွန်မ ခမည်းတော်က ရှင့်ကြောင့်သေရတာ ရှင့်ကိုကျွန်မ ကိုယ်တိုင်ပြန်သတ်ပစ်မှာ ရှင်ကိုကျွန်မကိုယ်တိုငိ ပြန်သတ်ပစ်မယ်!!!!"
တကိုယ်ထဲနာကြည်းနေသူ ဟန်ဖန်ချင်း
……………
……………
……………
ဝမ်ရိပေါ် ရေချိုးဆောင်ထဲ၌ ရေချိုးသန့် စင်နေသည်
လန်းဆန်းအေးချမ်းမှုရဲ့ အရသာကိုမျက်စိမှိတ် ခံယူ နေစဉ်
ဟင်!!
သတိကြီးသူပီပီ နောက်က တစုံတရာချဉ်းကပ်လာသည်ကို သတိထားမိတာကြောင့် နောက်အလှည့်
"အို့!!!"
ဗွမ်းးး
သူလှည့်ကြည့်လိုက်တာကြောင့် လန့်သွားကာ ဟန်ချက်မထိန်းနိုင်ပဲ ရေထဲပြုတ်ကျလာတဲ့ ဟန်ဖန်ချင်းကို ဝမ်ရိပေါ် ဖမ်းထိန်းပေးထားလိုက်သည်
"အဆင်ပြေရဲ့လား!"
ဖန်ချင်းတကယ် ဆွံ့အသွားမိသည် အစက မယ်တော်ရှောင်းကျန့် ကို လာရှာတာ နန်းဆောင်ထဲ ဘယ်သူမှ မရှိပဲ ဝမ်ရိပေါ်က ရေချိုးဆောင်ထဲရှိနေတာသိလိုက်ရ တော့ ဘယ်သူမှ မရှိခင် လုပ်ကြံဖို့ စဉ်းစားမိကာ အထဲဝင်လာခြင်း အ နောက်ကိုရုတ်တရက်လှည့်လာတော့ လန့်သွားလို့ရေထဲ ပြုတ်ကျသွားခြင်းပင်
ဒါကိုဝမ်ရိပေါ်ကဖမ်းထိန်းပေးထားလိုက်ခြင်း ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲ ရောက်သွားတဲ့သူမဟာ ကျောက်စိုင်ကျောက်ခဲလိုဖြစ်သွားရ လေသည်အသက်လေးဆယ်စွန်းအရွယ် ရှိနေသည့်ဝမ်ရိပေါ်သည့် လူငယ်လိုသန်မာဖျတ်လတ်တုန်းပင် ပြီးတော့နုပျိုချောမော နေတုန်း တောင့်တင်းကျစ်လစ်တဲ့ကိုယ်ခွန်အားဗလလည်းသူ၌ ရှိသည် အခုလိုရေချိုးဆောင်ထဲ အ ပေါ်ပိုင်းဗလာကျင်း နဲ့ ဝမ်ရိပေါ်ပုံစံ ဟာ ရေတွေလည်းစိုနေသည်မို့ ရင်သပ်ရှုမောဖွယ် ဖြစ်လှသည် ဝမ်ရိပေါ်ရင်ခွင်ထဲ ရောက်နေသည့် ဟန်ဖန်ချင်းမှာ ချက်ချင်းဆိုသလိုမကြုံဘူးသည့် ခံစားမှုမျိုးခံစားလိုက်ရသည်
နှလုံးသားထဲမှာတခါမှ မဖြစ်ဖူးတဲ့ထူးဆန်းမှုနဲ့ လှုပ်ခတ်သွားသော နှလုံးသားတစုံ
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား