part(5)

679 56 2
                                    

"နဂါးမင်းဝမ်ရိပေါ်နဲ့ကြင်ယာတော်ရှောင်းကျန့်နဲ့တကွ နဂါးသခင်မ ချင့်ရန်တို့ ရောက်ရှိနေ ကြောင်းပါ မင်းကြီး!"

ကောင်းကင်ဘုံအရှင်သခင် ထံသို့ ရှင်လော့အရှင်နှင့်ကြင်ယာတော် ရောက်ရှိလာကြောင်းသတင်းစကားပါလာပါသော နတ်သူငယ်တဦး

"ကောင်းပြီ နဂါးမင်းရောက်လာတာမို့ အ သေအချာပြင်ဆင်ပြီး ကြိုဆိုကျပါ!"

"အမိန့်တိုင်းပါ မင်းကြီး"

ဝမ်ရိပေါ်ဆိုတာအင်မတန်တန်ခိုးကြီးမားသောနဂါးမင်းပင် ကိုယ်ရောင်ကိုယ်ဝါတောက်ပလွန်းပြီး အင်အားကြီး ဂဠုန်မင်းနဲ့ နတ်မိစ္ဆာ တို့ကိုသုတ်သင်နိုင်ခဲ့သူမို့ ဒဏ္ဏာရီမှာစာတွင်စေမယ့် သူမတူအစွမ်းထက်သောနဂါးမင်းတစ်ကောင်ဖြစ်သည်ဟု ကောင်းကင်မင်းကြီးကိုယ်၌က ပြောကြားထားခြင်း ခံရသူဖြစ်သည်

ဝမ်ရိပေါ်သည် ကောင်းကင်ဘုံ၌သူ၏ အာဏာစက်တို့ မကျ ရောက်ပေမယ့်လည်း ကောင်းကင်ဘုံကိုအုပ်စိုးတဲ့ အရှင်သခင်ကိုယ်တိုင်ပင် လေးစားရသူဖြစ်ပေသည်

လူပုံစံ ပြောင်းလဲဖန်တီးနိုင်စွမ်းရှိသည့် အစွမ်းထက်သတ္တဝါအားလုံးထဲတွင် သြဇာအာဏာကြီးမားသူသည် ဧကန်စင်စစ် နဂါးမင်းဝမ်ရိပေါ်သာ

ရွှေရောင်ကော်ဇော ထက်မှာ ကျက်သ ရေရှိစွာလျှောက်လှမ်းလာသော ရှင်လော့၏အရှင်သခင်သုံးပါး

"နဂါးမင်းခုလို ကောင်းကင်ဘုံကို လာရောက်တာ ကြိုဆိုပါတယ်"

ကောင်းကင်မင်းကြီးနဲ့မိဖုရားက ပြုံးရွှင်စွာကြိုဆိုနှုတ်ဆက်လေသည်

"ကြင်ယာတော်နဲ့သခင်မကြီးတို့ကိုလည်း ကြိုဆိုပါတယ်"

"ကောင်းကင်မင်းကြီးကိုလည်း ဂါရဝပြုပါတယ်"

"ကောင်းပါပြီ ဒီလမ်းအတိုင်းကြွပါ"

ကောင်းကင်မင်းကြီးက သူကိုယ်တိုင်ဖန်ဆင်းပေးထားတဲ့ ပလ္လင်တော်ထက် ရှင်လော့အရှင်သုံးဦးအားထိုင်စေသည်

ထိုပလ္လင်က ကောင်းကင်မင်းကြီးရဲ့ ဖန်ဆင်းထားသောပလ္လင်မို့ တော်ရုံတန်ရုံ ထိုင်ရခဲပါသည်

Fictional Love         Season(2)Where stories live. Discover now