"နဂါးမင်းနဲ့မိသားစုက ဒီကို အခုလိုလာရောက်ချီးမြှင့်ပေးတာကိုပဲ အထူး ဂုဏ်ယူဝမ်းမြောက်လှပါပြီ ပူဇော်ပွဲလည်းကျင်းပခွင့်ရတယ် အစစအရာရာ အတွက် ကျေးဇူးတင်ပါတယ်"မင်းကြီးက ဝမ်ရိပေါ်အား ကျေးဇူးတင်စကားပြောသည်
"နဂါးမင်းက ပြန်တော့မယ်ဆိုတော့ စိတ်တော့မ ကောင်းဖြစ်မိသား "
"ကျတော်လည်း ရှင်လော့ကို ဒီတိုင်းပစ်ထားလို့က မဖြစ်တော့လို့ပါ နားလည်ပေးစေချင်ပါတယ် ကျင်းလုံ ကတကယ်သာယာအေးချမ်းပြီး နေချင်စဖွယ် တိုင်းပြည်တခုပါ မင်းကြီးရဲ့ လက်ဆက်ပွဲကျရင်လည်း တစ်ခေါက်ရောက်ဖစ်ဦးမှာပါ"
"မျှော်နေမှာပါ နဂါးမင်း"
"ဒါဆို ! ခွင့်ပြုပါဦး"
"ကောင်းပါပြီ"
အားလုံး နှုတ်ဆက်ပြီးတော့ ရိပေါ်တို့က ရှင်လော့သို့ ပြန်လာကျလေသည်
:
:
:
:
:
:"အားလီ!! အားလီ!"
"မင်းသား ဘာဖြစ်လို့လဲ အားလီ ဒီမှာရှိပါတယ်"
"အရှင့်ကိုတွေ့မိသေးလား"
"အမလေး ဘာများလဲလို့ မင်းသားရယ် အရှင့်ကိုလိုက်ရှာနေတာကိုး "
"ဟုတ်တယ် ငါမနက်အိပ်ယာထ ကထဲက အရှင့်ကိုမ တွေ့တာ အရှင်ဘယ်များရောက်နေလဲ မသိဘူး"
"တ နေရာမှာရှိမှာပေါ့ အရှင်က ခလေးမှ မဟုတ်တာ"
"ဒါမယ့် မနက်ထဲက မ တွေ့ရ သေးလို့…"
"ကျန့်!"
"ဟင်! အရှင်!."
ဝမ်ရိပေါ်ကို မြင်သည်နှင့် အတင်းပြေးကာ ဖက်ထားပါသော ရှောင်းကျန့်
ဒီအတွဲကြောင့်အားလီ လည်းစိတ်ညစ်ပါဘိ
"ဟာ! ကျန့် ဘာဖြစ်လို့လဲ"
"အရှင်က တမနက်လုံးဘယ်ရောက်နေတာလဲ ကျတော်က အရှင့်ကိုမ တွေ့လို့ "
"ကိုယ်နည်းနည်းအလုပ်များနေလို့ပါ"
"အရှင့် ကြင်ယာတော် ကအရှင့်ကိုပျောက်လို့ လိုက်ရှာနေတာလေ "
"ဟုတ်လား"
အားလီ ပြောလိုက်သည်ကို ရိပေါ်က ရှောင်းကျန့် မျက်နှာကို ကြည့်ကာမေးလိုက်သည်
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား