"အဟင့် ဟင့် အင့် ဟင့်"
ဥယာဉ်ထဲ မှာတစ်ယောက်ထဲ ထိုင်ကာ ငိုကြွေးနေတဲ့ ဖန်ချင်း
"အားချင်း! သမီး ဘာဖြစ်လို့လဲ"
ငိုသံကြားလို့ ရောက်လာတဲ့ ရှောင်းကျန့်က အပူတပြင်းမေးလိုက်မိသည်
ရှောင်းကျန့် အနားရောက်လာကာမေးသည်နှင့် ရှောင်းကျန့် ရင်ခွင်ထဲ အတင်းဝင်ကာ ချွဲနွဲ့ငိုလေ တော့သည်
"မယ်တော် အင့်အဟငိ့ "
"သမီးဘာဖြစ်လို့လဲ သမီးကိုဘယ်သူက ဘာပြောလိုက်လို့လဲ"
"မယ်တော် သမီး သမီးလေ ခမည်းတော်ကိုသတိရတယ်"
"ဟင်!"
"မယ်တော် သမီးခမည်းတော်ကိုတွေ့ချင်တာ်"
"သမီးရယ် ဒါက"
"မယ်တော်မကောင်းဘူး ခမည်းတော်ကိုသစ္စာဖောက်တယ် အစထဲက အရှင်ဝမ်ရိပေါ်ကို ချစ်တယ်ဆ်ု ခမည်းတော်ကိုလက်မဆက်သင့်ဘူး ခမည်းတော်က မယ်တော့်ကိုသိပ်ချစ်တာ မယ်တော်ကသာ အဟင့်ဟင့်"
"မဟုတ်ပါဘူး သမီးရယ် ဒီလိုမဟုတ်ပါဘူး"
"မယ်တော်က ဒါဆို ခမည်းတော်ကိုချစ်ခဲ့လို့လား "
"……"
ရှောင်းကျန့် အတွက်အ ဖြေမရှိခဲ့ပါ
သူအစက နေအဆုံးထိ သူချစ်တာက အရှင်တစ်ယောက်ထဲကိုပါ မင်းကြီးဟန်ဖုန်ဝေ့ကို သူ သံယောဇဉ်ရှိပါတယ် ဒါ့မယ့် လို့တော့သူ မချစ်ခဲ့ဘူး သူ့အပေါ် အရမ်းကောင်းခဲ့ပေမယ့် သူက တော့ မင်းကြီးဟန်ဖုန်ဝေ့ လိုချင်ခဲ့တဲ့ အချစ်ကိုပြန်မ ပေးနိုင်ခဲ့ဘူး တရားဝင်လက်ဆက်ခဲ့ပေမယ့် ငါးနှစ်လုံးလုံး ပေးသင့်တဲ့အခွင့်ရေးကိုမ ပေးခဲ့ဘူး ဒါကိုတောင်မေတ္တာမပျက်ပဲ သ ဘောထားကြီးချစ်ပေးခဲ့တာ တကယ်ဆို သူမင်းကြီးအ ပေါ်အမှားတွေ ကျူးလွန်ခဲ့မိပါတယ်
"မယ်တော်! ဘာတွေစဉ်းစားနေတာလဲ သမီးမေးတာဖြေပါဦး"
"အားချင်း!"
"မချစ်ခဲ့ဘူးမလား ဟင်''
"အားချင်း မယ်တော်"
"မယ်တော်ရက်စက်တယ်"
"……"
"မယ်တော်မကောင်းဘူး ဟင့်ဟင့် "
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား