part(7)

674 47 1
                                    

ထိုက်ရန်တစ်ယောက် ကျင်းလုံ နန်းတော်ထဲ လှည့်လည် ကြည့်ရှု နေစဉ်

🎶🎶🎶🎶🎶

အသံချိုချို အေးအေးလေးနဲ့ နူးညံ့စွာ ဂန္တဝင် ဆန်ဆန် သီချင်းသံ လေးကိုကြားလိုက်ရသည်

ထိုအသံ လေးရှိရာသို့ တဖြည်းဖြည်းသွားတော့

အပြာနုရောင် ဝတ်စုံလေးကိုဆင်မြန်းထားပြီး ခြင်းတောင်းလေးလက်က ချိတ်ကာ ပန်းပွင့်လေးတွေ ခြွေယူရင်း သီးချင်းဆိုနေ သောမိန်းက လေးတဦး
မြင်လိုက်တာနဲ့ လူတကာရင်ကိုအေးမြ စေတဲ့ အသွင်ရှိသည် မျက်နှာလေးက အေးမြကြည်လင်ပြီး သီချင်းဆိုနေတဲ့ အသံလေးက လည်းကြည်လင်နေသည်

ထိုက်ရန် သေချာစိုက်ကြည့်နေမိသည် ထိုမိန်းက လေးက သူ့ဘာသာသီချင်းဆ်ုနေပြီး ပတ်ဝန်းကျင်တောင် မေ့ နေပုံရသည်

"ဟင်!!!"

ဟော သူမ ဒီဘက်လှည့်ကြည့်လိုက်တော့ ထိုက်ရန်ကိုမြင်သွားလေသည်

"နဂါးမင်းသားကို ဂါရဝပြုပါတယ်"

စစမြင်ချင်းခန ကြောင်နေ ပေမယ့် ချက်ချင်းသူ့အားအရိုအ သေ ပေးနေ လေသည်

"ထပါ မိန်းက လေးရပါတယ်"

"ဟုတ်ကဲ့ရှငိ့ နဂါးမင်းသားက ဒီကိုဘာကိစ္စရှိလို့ပါလဲ"

"ကိစ္စမရှိပါဘူး ကျတော် မိန်းက လေးရဲ့ သီချင်းသံကိုကြားလိုက်လို့ ဒီကိုရောက်လာတာပါ"

"အာ"   သူပြောလိုက်တဲ့စကားကြောင့် သူမက ရှက်သွားပုံပေါ်သည် ခေါင်းလေးငုံ့ကာမျက်နှာလွှဲသွားလေသည်

"ကျတော် မင်းရဲ့နာမည်ကိုသိခွင့်ရှိမလား"

"ရှင်! ဟို ဟုတ်ကဲ့ ရပါတယ် ကျမ နာမည်က ဖေးဖေးပါ"

"ဖေးဖေး! မင်းက ဒီနန်းတော်ထဲမှာပဲ နေတာလား"

"ဟုတ်ပါတယ် မင်းကြီးရဲ့ ကိုယ်ရံတော်တပ်မှူးအားထုံက ကျမ ရဲ့ အကိုပါ"

"အော် ဒီလိုလား ကောင်းပါပြီ မင်းသီချင်းဆိုတာသိပ်ကောင်းတယ် ကျတော်က သံစဉ်တွေကိုနှစ်သက်တယ် မင်းသီချင်းသံက စိတ်နှလုံးကိုအေးချမ်းစေတယ်"

Fictional Love         Season(2)Where stories live. Discover now