သာယာလွန်းတဲ့ တောအုပ်လေးထဲမှာ တေးဆိုငှက်လေးတွေ က ပျော်မြူးလို့ ပန်းလိပ်ပြာစုံလေးက ပျံဝဲလို့ လေပြည်အေးက တဖြူးဖြူးမှာဟဝါးပင်လေ တွေက လေယူယာယိမ်းလို့ ရှိနေသည်
ယွဲလျန်တစ်ယောက် အတွင်းအားလေ့ကျင်နေစဉ် နားထဲဖျတ်ခနဲကြားလိုက်တဲ့ အသံကြောင့်မျက်လုံးကို ဖွင့်ကြည့်တော့ သူထိုင်နေတဲ့ သစ်ပင်ကအရွက်တွေ လှုပ်ခတ်နေတာမို့ အ ပေါ်ကိုခုန်တက်လိုက်တော့ မျက်နှာဖုံးဝတ်ဆင်ထားတဲ့သူတဦး သူ့ကိုမြင်တော့ ဟိုဘက်သစ်ပင်ခုန်တက်သွားသည် ယွဲလျန်လည်း နောက်က ဘိုက်ကာ အလျင်အမြန်ထိုလူရဲ့ပုခုံးကို ဆွဲကိုင်လ်ုက်တော့ အသာလေးသူ့ဆီပါလာသည်
အုပ်ထားတဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်တော့
ဟင်!!!
လှပ်ခနဲ ပေါ်လာတဲ့ မျက်နှာလေး
ဒါက ရန်ဟွားပဲ (မှတ်မိကျလား ပန်းလိပ်ပြာတောင်သခင်ရဲ့သမီးပါ)
"မင်းး!"
'အမလေး ဘာလို့သူနဲ့မှ တိုးရတာလည်း'
ရန်ဟွားစိတ်ထဲက ပြောလိုက်သည် ဒါပေမယ့် ထူးဆန်းလွန်းစွာ ဟိုတခါကလို ယွဲလျန်ကြားနေရခြင်း
သူမက ရင်ခွင်ထဲက နေယွဲလျန်အား သေချာပြူးကြည့်နေသည် ယွဲလျန်က သူမအားလွှတ်လိုက်ကာ မြေ အောက်ကိုဆင်းသွားသည်
သူမကလည်းနောက်က လိုက်ဆင်းကာ သူ့ကိုယ်သူ ပွတ်သပ်ခါနေသည်
"မင်းဒီကို ဘယ်လိုရောက်လာတာလဲ"
"မလာဖူးလို့ လာကြည့်တာပါ ကျွန်မ ဘာများမှားနေလို့လဲ"
"မင်း.…" စကားတောင်မဆုံးသေးခင်
"ဒီတောအုပ်က ရှင်လော့ပိုင်နက်ထဲ ရှိနေတယ်ဆိုပေမယ့် ကျွန်မ လာလို့မရဘူးလား"
"တောအုပ်ကအကျယ်ကြီး ဘာလို့ ငါအတွင်းအားကျင့်နေတဲ့ဆီမှ ရောက်လာရတာလဲ!"
"ဒါက မ တော်တဆမှု တခုပါ ကျွန်မ မရည်ရွယ်ပါဘူး "
'တကယ့်အရှုပ်ထုတ်မပဲ'
'ယောက်ျားကြီးဖြစ်ပြီးစွာလိုက်တာ ဘယ်လိုဟာပါလိမ့်'
"ဘာဖြစ်တယ်!!"
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား