အင်းး ကျန့်က အသက်အရွယ်ရလာလို့ များလား ဟိုးးအရင်ကလို စိတ်ကောက်ပြီးမ ခေါ်မ ပြောနေတာမျိုးမရှိပဲ ရိပေါ်ကို လိုတာထက်ပိုပြီး စကားမ ပြောတာ သူလုပ်ပေးရမယ့် တာဝန် ဝတ္တရားအတိုင်းသူနေတယ် မေးထူးခေါ်ပြောလည်းရှိတယ် တခုပဲအရင်လို အနားသိပ်မကပ်တာပဲ အရင်လို ချွဲမ နေဘူး ဒါက ကျန့် ကသူ့အ ပေါ်စိတ်ဆိုးမ ပြေ သေးဘူးဆိုတာပြတာ
တွေးရင်းတောရင်းပဲ အ ဆောင်ထဲကို ပန်းအချို့ယူလာကာ ဝင်လာတဲ့ ကျန့်
ခပ်တည်တည်ပဲ ခုံမှာထိုင်ကာ ဧည့်ခန်းခုံးပေါ်က ပန်းတွေနဲ့လဲ နေသည်သူကိုင်ထားတဲ့ ပန်းတွေထက် သူကပင်ပိုလှ နေသည်
ဝမ်ရိပေါ် မသိမသာအနားတိုးကာ နောက်သိုင်းဖက်တော့ ဆတ်ခနဲ လန့်သွားသည် လှည့်မကြည့်ပဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေသည်
"ကျန့်!"
".…"
"ကျန့်!"
"ပြောပါ အရှင် "
"ဒီဘက်လှည့်"
"ဘာဖြစ်လို့လဲ အရှင် ကျတော်မအားသေးဘူး"
ဝမ်ရိပေါ်ဘာမှ မ ပြောပဲ ရှောင်းကျန့်ကို ဒီဘက်ဆွဲလှည့်လိုက်သည်
"စိတ်ဆိုးနေတုန်းပဲလားဟင်"
"ဖယ်ပါအရှင် "
"ကျန့်ကလည်းကွာ"
"ကျတော်အဲ့ကိစ္စတွေ ပြန်မ ပြောချင်ဘူး"
"ကောင်းပြီ ကျန့် စိတ်ဆိုးနေ သေးရင် ကိုယ်ထပ်တောင်းပန်ပါ့မယ် ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်တကယ်မှားသွားပါတယ် ခွငိ့လွှတ်ပေးပါ"
"အရှင် ဒီလိုမလုပ်ပါနဲ့ ထပါ"
"မထဘူး ကျန့်က ကိုယ့်ကို စကားပြောနေ ကေမယ့် မ ပြောချင်သလို ပြောချင်သလိုနဲ့ ပြောနေတာကိုယ်သိတယ် အရင်လိုကိုယ့်နားမကပ်တာ ကျန့် စိတ်ဆိုးနေလို့မှတ်လား ကိုယ်တောင်းပန်ပါတယ်နော်"
"အရှင်က နဂါးမင်းသာ ပြောတယ် က လေးကျနေတာပဲ ကဲထပါတော့အရှင်ရယ် "
"ဒါဆိုကိုယ့်ကိုစိတ်ဆိုးပြေပြီလား"
"ကျတော်စိတ်မဆိုးပါဘူး အရှင်ဒါမယ့် စိတ်တော့မ ကောင်းဘူး အရှင် ဖန်ချင်းအ ပေါ်ဆက်ဆံပုံကို ကျတော်လုံးဝ မကြိုက်ဘူး"
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား