part(15)

521 36 2
                                    

"အရှင်နဂါးမင်းနဲ့ ကြင်ယာတော်ကို ဂါရဝ ပြုပါတယ် သခင်မကြီးကို လည်းဂါရဝ ပြုပါတယ်အခုလို ကျတော်တို့သားအဖကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်"

ပန်းလိပ်ပြာတောင် သခင်နဲ့ သူ့သမီး ရန်ဟွားကို ရှင်လော့၌ ညစာစားပွဲဖိတ်ကြားလေသည် မနက်ဖြန်ခါ ကျရောက်မယ့် အမွှာလေး၂ယောက်ရဲ့ မွေးနေ့ပွဲ တက်ရောက်ရန်အတွက် ကြိုတင်ဖိတ်ကြားခြင်းဖြစ်သည်

"အခုလို လာရောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်"

" မွေးနေ့ ပွဲအတွက်တကူးတက အချိန်ပေးလာတာကိုလည်း ကျေးဇူးတင်ပါတယ်"

"ကျိန်းသေ လာပေးရမှာပေါ့ "

"ကဲပါလေ စကားလက်ဆုံကျနေတာနဲ့ပဲအထဲဝင်ပါဦး ရှင်လော့နန်းတော်ထဲက ကြိုဆိုပါတယ်"

"ဝင်ပါ"

"ဟိုတ လောက ဒဏ်ရာ သက်သာရဲ့လား မိန်းက လေး"

"သက်သာပါတယ် ကြင်ယာတော် ကျေးဇူးကြောင့် အများကြီးသက်သာပါတယ်"

"ဟုတ်တယ် အဲ့နေ့က သမီးလေး အသက်ကိုကယ်တင်ပေးခဲ့တဲ့ ဂဠုန်မင်းသားငယ်ကို အရမ်းကျေးဇူးတင်တာ မင်းသားအတွက် အမှတ်တရ မွေးနေ့လက်ဆောင်လေးယူလာပါတယ် မင်းသား လက်ခံပေးပါ"

"အာ မလိုပါဘူး ကျတော် …ရပါတယ်"

"အားလျန်ယူလိုက်ပါ "

ရှောင်းကျန့် ပြောစကားကြောင့်ယွဲလျန် ယူလိုက်သည်

"ကျေးဇူးတင်ပါတယ်"

"လက်ဖက်ရည်သုံးဆောင်ပါဦး ဒါရှင်လော့ကအထူးပြုလုပ်ထားတာပါ"

ဒွေးတော်စကားကြောင့် ရန်ဟွားတို့သားအဖ လက်ဖက်ရည်သုံးဆောင်ရင်း ခနတာစကားစမြည်ပြောဆိုနေကျသည်

:
:
:
:
:
:

"အရှင်!'

"အင်းပြောလေ"

"ကျတော်တခုပြောချင်လို့"

"ဘာလဲ"

"အားလျန်နဲ့ ရန်ဟွားကို လိုက်ဖက်တယ်လို့ အရှင်မထင်မိဘူးလား"

"ဟင်! ဘယ်လို"

"ကျတော့်မျက်စိထဲတော့ နှစ်ယောက်သားလိုက်ဖက်တယ် အားလျန်က အေးတိအေးစက်နဲ့ ရန်ဟွားက သွက်သွက်လက်လက် အဟင်းး ကျတော်တော့ ရန်ဟွားကို သ ဘောကျတယ် အားလျန်နဲ့ စိတ်ထဲက ကြိတ်သ ဘာတူနေမိတယ်"

Fictional Love         Season(2)Where stories live. Discover now