ကျန့်ကို သူအော်လိုက်မိလို့ စိတ်ဆိုးသွားတယ်ထင်ရဲ့ အခုထိ အ ဆောင်ကို ရောက်မလာသေးဘူး သူလည်း ဘယ်အော်ချင်ပါ့မလည်း သူဒီလောက်ကျန့်ကို ချစ်တာ ဒီကောင်လေး ဘယ်စိတ်ကူးပေါက်ပြီး အရင်က အ ကြောင်းတွေကို ပြန်တူးဆွ မိပါလိမ့် လို့ပဲ စဉ်းစားနေမိတယ်
"အရှင်!" ငြူတူတူ အသံနဲ့ အသံတခု မေးစရာမလိုအောင် သေချာပေါက် ဖန်ချင်းပင်
"အရှင်! ဖန်ချင်း ဝင်လာမယ်နော်"
ဝမ်ရိပေါ် ဘာမှ မ ပြောပဲ ထိုင်နေသည့်နေရာမှာသာ ဟန်မပျက်ထိုင်ကာ သူမအား ကြည့်နေလေသည်
သူမက အနားရောက်လာကာ အတင့်ရဲစွာ ဘေးနားကို ဝင်ထိုင်လေသည်
စိတ်ရှုပ်နေသည်မို့ အ စောင့်ရဲမက်နဲ့ အပျိုတော် နှင်ထုတ်ထားတာ သူမအတွက် အဆင်ပြေ နေခဲ့သည်
နဂါးမင်းရဲ့နန်းဆောင်ထဲ ဝင်ချလာပြီး ထိုင်နေတဲ့ ထိုင်ခုံဘေး လာထိုင်တာ အ တော်ရဲတင်းလွန်းသည် သူမက သူ့ကိုယ်သူ ဘယ်လိုလူလိုသတ်မှတ်ထားလဲ မသိ
ဝမ်ရိပေါ်သူမ အား စူးစူးစိုက်စိုက်သေချာစိုက်ကြည့်လေ တော့ ရှက်သွေးဖြာသည့်ပုံဖြင့် ခေါင်းကိုအောက်ငုံ့ချသွားသည်
မာယာများလိုက်တာ
"ဟိုလေ အရှင်…"
"မင်းလား!"
"ရှင်! " သူ့အမေးစကားကြောင့် အူကြောင်ကြောင်နှင့်ပြန်ကြည့်လေသည်
"မင်းမလား ကျန့် ကို ပြောတာ"
ပါးနပ်သူ ဟန်ဖန်ချင်းရိပ်မိလိုက်သည် သူရှို့လိုက်တဲ့ မီးကြောင့် အရှင်နဲ့မယ်တော် က တာက်ကဆ ကဖြစ်ခဲ့ပုံ အခုလည်းနန်းဆောင်ထဲ မယ်တော်မရှိဘူး ဆိုတော့
"မင်းက ဘာသ ဘောလဲ ဟန်ဖန်ချင်း"
"……"
"မင်းကိုယ်မင်း ရှင်လော့မှာဘာထင်နေတာလဲ မင်းကငါနဲ့ကျန့်ကိုသွေးခွဲရ အောင်မင်းအဆင့်က ဘာလဲ"
"အရှင်ဘာပြောနေတာလဲ ဆိုတာ ဖန်ချင်းနားမလည်ဘူး ပြီးတော့ ဒီလိုမျိုးဖန်ချင်းကို ကြည့်ပြီး မ ပြောပါနဲ့ အရှင် ဖန်ချင်း ဝမ်းနည်းရပါတယ် အရှင်က တကယ်ဆို ဖန်ချင်းရဲ့ရန်သူပါ ခမည်းတော်ကိုသတ်ခဲ့တဲ့…"
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား