မနက်မိုးသောက်အလင်းရောက်တော့ နာကျင်ကိုက်ခဲ တွေနဲ့နိုးလာရတဲ့ ရှောင်းကျန့်
တစ်ကိုယ်လုံး ကိုက်ခဲ နေတာမို့ လှုပ်တောင်မလှုပ်ချင်ဘူး ပြီးတော့ ခေါင်းလည်းနည်းနည်းမူးနေတယ် အရင်လိုမနက်ခင်းအိပ်ယာထ လာတာနဲ့ ဦးဆုံးမြင်ရတဲ့ အရှင့်မျက်နှာကိုလည်းမ တွေ့ရ ဘူး
ညတုန်းက တော့လူကို လုပ်ချင်သလိုလုပ်ပြီး အခု မျက်နှာလေးတာင် မ တွေ့ရ တော့ ရှောင်းကျန့် ငိုချင်လာသည်
အရှင်ဘယ်ရောက်နေတာလဲ?
"အပြင်မှာ ဘယ်သူရှိလဲ တစ်ယောက်လောက်ဝင်ခဲ့ပါဦး"
ဝတ်ရုံပါးလေးဝတ်ထားသည်မို့အပြင်က လူတစ်ယောက်ကို ရှောင်းကျန့် ခေါ်လိုက်သည်
ရေချိုးသန့်စင်ပြီးတော့ အားလီ ယူလာတဲ့ ကြက်စွပ်ပြုတ်လေးကို သောက်ပြီးတော့ အထဲမှာပဲ ထိုင်မ နေချင်တာကြောင့် လေ ကောင်းလေသန့်ရ အောင် အားလီနဲ့ အတူအပြင်ထွက်လာခဲ့လေသည်
အရှင်နဲ့တမနက်လုံးမ တွေ့ရ သေးတာမို့ အရှင့်ဆီ သွားရမည်
ရှောင်းကျန့် နဲ့အားလီ နန်းတော်ထဲ လမ်းလျှောက်ရင်း အ နောက်ဘက်ဥယာဉ်တော်တွင် အရှင်နဲ့ဖန်ချင်းက လက်ဖက်ရည်အတူသောက်ကာ စကားပြော နေသည်
ဒီမြင်ကွင်းက ရှောင်းကျန့်နဲ့ အားလီ နှစ်ယောက်စလုံးကိုအံ့အားသင့်စေခဲ့သည် ဖန်ချင်းက အရှင့်ကိုမုန်းတီးနေခဲ့သည်မဟုတ်လား အရှင့်ကြောင့် ဖန်ချင်းခမည်းတော် မင်းကြီး ဟန်ဖုန်ဝေ့ သေဆုံးခဲ့ရတာ အမြဲ ဖန်ချင်းက အရှင့်ကိုမျက်နှာချင်းမဆိုင် ရှောင်ဖယ်နေတတ်ပြီး အလိုမကျဖြစ်ခဲ့တာ အခုတော့ဘယ်လိုများ
ရှောင်းကျန့် အလွန်သိချင်စိတ်ပြင်းပြကာ ထိုနေရာသို့ လျှောက်သွားလေသည်
"အရှင်!"
ရှောင်းကျန့် အသံကြားတာကြောင့် အရှင်ရောဖန်ချင်းပါ ခေါက်းမော့ ကြည့်ကျလေသည်
"ဟင်!! ကျန့် နိုးလာပြီလား လာထိုင်"
အရှင်က သူ့ကိုမြင်တာနဲ့ နေရာပေးကာ ထိုင်စေသည်
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား