part(16)

483 39 4
                                    

"တရက်တရက်နဲ့ အချိန်တွေ ကြန့်ကြာနေပြီ အရှင့်ကို ငါရ အောင်ယူမှ ဖြစ်တော့မယ်"

"ငါဘာလုပ်ရမလဲ ငါဘယ်လိုလုပ်ရင် ရမလဲ အရှငိက အလွယ်ဆကူငါ့ကိုလက်ခံမှာမဟုတ်ဘူးငါ့မှာအစွမ်းလည်းမရှိဘူး ဘယ်လိုလုပ်ရင် ကောင်းမလဲ ဘယိလိုလုပ်မှ အရှင့်ကိုရ မှာလဲ"

ဖန်ခင်းအခန်းထဲ ဟိုဘက်ဒီဘက်လျှောက်ရင်း သူမဘယ်လို အစီအစဉ်စဆွဲရမလဲ ဟုတွေးတောနေ လေသည်

……………………………

"ကျန့်!"

"အ့ အရှင်!"

ရုတ်တရက်ကြီး ရှောင်းကျန့် နောက်ကျောကို လက်အကြီးကြီးနဲ့ ပွတ်သပ်လာတဲ့ အရှင်

"အာ့ အရှင် နာတယ် ဘာဖြစ်နေတာလဲ"

တခါမှ မထိတွေ့ဖူးသူက လာထိတွေ့နေသလို ရှောင်းကျန့် နေရခက်မိသည် အရှင်က ဒီလိုမလုပ်ဖူးပါဘူး အခုမှ ဘာလို့

ရှောင်းကျန့် ဒီဘက် လှည့်ကာ အရှင့်ကို ကြည့်တော့ ရီဝေ ဝေမျက်လုံးတွေနဲ့ ကြည့်နေသည်

တချက်လောက် ဒီမျက်ဝန်းတွေက အရှင်နဲ့ မတူသလိုပဲ ရှောင်းကျန့်ကို ကြည့်နေတဲ့ အကြည့်တွေက ကြက်သီးထစရာကောင်းလှသည်

"အရှင်! အရှင်ဘာဖြစ်နေတာလဲ အင့်"

ရှောင်းကျန့်ကို အတင်းသိမ်းကျုံးဖက်ကာ တရှုံ့ရှုံ့နမ်းလေသည်

"ဟိုအရှင် ဘာဖြစ်တာလဲ နေ အင့် နေပါဦး"

ရှောင်းကျန့် နှုတ်ခမ်းကို အကြမ်းပတမ်းစုပ်နမ်းကာ တကိုယ်လုံးပွတ်သပ်လာတဲ့ အရှင်

အရင်က ဆို ရှောင်းကျန့် အရှင့်အနမ်းတွေကို ပြန်တုံ့ပြန်ပေမယ့် အခုမတုံ့ပြန်ဖြစ် အခုလိုအရှင်ရဲ့ အပြုအမှု မျိုးက ရှောင်းကျန့်ကို ရင်ခုန်စေပေမယ့် အခု ဘာရယ်ကြောင့်မှန်းမသိ စိတ်အနှောင့်အယှက် ဖြစ်စေသည်

"အွန့် အရှင် ဖယ်ပါဦး အွန့် "

"ကိုယ်မရတော့ဘူး ကိုယ်တကယ်မရ တော့ဘုး ကိုယ်ကျန့် ကို လိုချင်တယ် "

"အရှင် !!'

ရှောင်းကျန့်ကိုပွေ့ချီကာကုတင်ပေါ်ပစ်ချလိုက်သည်

Fictional Love         Season(2)Where stories live. Discover now