~~~ကျင်းပြည်နယ်~~~
ဒီနေ့ကကျင်းပြည်နယ်ရဲ့ မင်းဆက်အသစ်ကို ထီးနန်းလွှဲအပ်မည့်နေ့
ကျင်းပြည်နယ်ရဲ့ အိမ်ရှေ့စံ မင်းသားကျင်းကျိုက်ဝေ မွေးဖွားလာပြီးနောက် ပိုမိုသာယာကာစီးပွားရေး လုမူရေး အစစအရာရာ တိုးတက်ပြောင်းလဲလာခဲ့တဲ့ ကျင်းပြည်နယ်
အခုဆိုရင် 'ကျင်း' ဆိုတဲ့ တိုင်းပြည်သေးလေးမှ 'ကျင်းလုံ' ဆိုတဲ့ တိုင်းပြည်ကြီးသို့ ဧကန်စင်စစ်ပြောင်းလဲ လာပေ တော့မည်
"အရှင့်သား မကြာခင်အချိန်အတွင်းမှာ နန်းတက်မင်္ဂလာချိန် ကျရောက်ပါတော့မယ်"
"ကောင်းပြီ နဂါးမင်းနဲ့ ကောင်းကင်မင်းကြီးတို့ ရောက်လာပြီလား"
"မ ရောက်လာသေးပါဘူး အရှင့်သား မပူပန်ပါနဲ့အရှင့်သား မကြာခက် ရောက်လာပါလိမ့်မယ် နတ်နဂါးဝင်စားတဲ့ အရှင့်သားရဲ့ နန်းတက်ပွဲကို ကျိန်းသေ ပေါက်လာဂုဏ်ပြုပေးမှာပါ အရှင့်သား"
"ကောင်းပြီ နဂါးမင်းတို့လာရင် သေချာအခမ်းအနားနဲ့ကြိုဆိုကျပါ"
"အမိန့်အတိုင်းပါ အရှင့်သား"
အစွမ်းတန်ခိုးတွေနဲ့အတူ ကောင်းကင်ကတိမ်တိုက်တွေနဲ့အတူ 'ကျင်း' ပြည်နယ်သို့ရောက်ရှိလာကျတဲ့ ကောင်းကင်မင်းကြီးနဲ့ကြင်ယာတော်မိဖုရား ရှင်လော့ရဲ့နဂါးမင်းမိသားစုတို့ ရောက်ရှိလာခဲ့လေသည်
ကောင်းကင်တခွင်လုံး တဖျတ်ဖျတ်တလတ်လတ် ကိုယ်ရှိန်ကိုယ်ဝါများနှင့်သက်ဆင်းလာသည်မို့ နန်းတော်ထဲရှိလူများဟာ တအံ့တသြ ငေးမောနေမိရင်းကာမှ သတိဝင်ကာ အ ပြေးအလွှားကြိုဆိုဖို့ရာ လုပ်ကျရသည် စည်တော်တီးပြီး ဘုရင်မင်းလောင်းနှင့်တိုင်းသူပြည်သားအ ပေါင်းကို အသိပေးအ ကြောင်းကြားကျသည်
ကျင်းလုံပြည်ရဲ့ ရှင်ဘုရင်လောင်းသည် ရွှေ ရောင်ဝတ်ရုံအထူကြီးကိုဝတ်ဆင်ရင်း နန်းတော်၏မုဂ်ဦးဝ ရှေ့ အ ပြေးရောက်လာခဲ့သည်
"ကောင်းကင်အရှင်နဲ့နဂါးမင်းကို ကျတော် ကျင်းကျိုက်ဝေ့ ကြိုဆိုပါတယ် "
ခါးကိုဦးညွှတ်ဂါရဝပြုကာပြောကြားလေသည်
မင်းလောင်းကျင်းကျိုက်ဝေ့ကို တွေ့လိုက်ရ တော့ ဝမ်ရိပေါ်က အ သေအချာကြည့်နေသော်လည်း ဒွေးတော်ချင့်ရန်ရဲ့ မျက်ဝန်း၌ ဝမ်းနည်းမှုရဲ့ မျက်ရည်စ တွေ တွဲခိုလျက်
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား