"အိုးး အိုးး ပန်းပွင့်လေးတွေ မြေပြင်မှာခစား ……အချစ်ဆိုတဲ့ အရာကို မင်းသိသလား ……အိုးး"
"ဝမ်ပိုင်ရှင်း!!!" နောက်က နေ ယွဲလျန်က ခေါ်လိုက်တော့ လန့်သွားတဲ့ ပိုင်ရှင်း
"အာ!! လန့်တာ အကိုလျန်ကလည်း "
"နင်ဘာသီချင်းတွေဆိုနေတာလဲ"
"သီချင်းမဟုတ်ပါဘူး ဒီတိုင်းပါးစပ်ထဲက ထွက်တာ ဆိုတာ"
"နင့်အသက်ဘယ်နှစ်နှစ်လဲ"
"ဟွန်း ကိုယ့်ညီမ အသက်ကိုယ်မသိဘူးလား "
"အပိုတွေ ပြောမ နေနဲ့ လူကြည့်တော့ ၁၈နှစ်တောင်မပြည့် သေးဘူး အချစ်သီချင်းဆိုစရာလား"
"အာ အချစ်သီချင်းမဟုတ်ပါဘူး ဒီတိုင်းဆိုနေတာပါဆို"
"ဟင်းး ကြပ်ကြပ်သတိထား"
"ဒီမောင်နှမ ၂ယောင်ဘာတွေဖြစ်နေတာလဲ'
ရှောင်းကျန့် ရောက်လာတာနဲ့ အားရှင်း တို့ ရှောင်းကျန့် ရင်ခွင်ထဲ ပြေးဝင်ကာ ချွဲ နေပါတော့သည်
"မယ်တော်…"
"အင်း ဘာဖြစ်လို့လဲ"
"အကိုလျန် ပေါ့ ကိုယ့်ဘာသာစိတ်ကူးတွေ့ရာဆိုနေတာက်ု လာအပြစ်တင်နေတယ်"
"မယ်တော်ဒီကောင်မ လေး ဒီအရွယ် အချစ်ေံကာင်းတွေးနေတာသိလား"m
"မဟုတ်ပါဘူးဆ်ု"
ရှောင်းကျန့် ဒီက လေး၂ယောက်ကိုကြည့်ပြီးခေါင်းခါမိသည်
"အင်းး အားရှင်းက ငယ်သေးတယ် ဒါမယ့် အားလျန် သားတော်က တော့ အသက်၂၀ုပြည့်ပြီးပြီ ကြင်ဖက်ရှာသင့်ပြီ"
"ကျတော် မလိုချင်သေးပါဘူးမယ်တော် နောင်တော့်ကိုသာအရင်စီစဉ်ပေးလိုက်"
"ဒါပေါ့ အားရန်နဲ့ အားလျန် နှစ်ယောက်လုံးကို စီစဉ်ပေးမှာ သားတို့က အမွှာတွေ ပဲမလား အတူတူ လုပ်ပေးရမှာပေါ့"
"ဟာဗျာ မယ်တော်ကလည်း"
အားလျန်တော့ရှက်ကာ ခေါင်းကုပ်လျက် ထွက်သွားလေသည်
"ဟီးဟီး ကောင်းတယ် အမြန်အကိုတော်တို့ ကိုနေရချ ပေးလိုက်တော့"
YOU ARE READING
Fictional Love Season(2)
Historical Fictionနဂါးမင်းဝမ်ရိပေါ်နဲ့ ကြင်ယာတော် ရှောင်းကျန့် တို့ရဲ့ ပုံပြင်ဆန်သော ချစ်ခြင်းမေတ္တာတရား