Chapter-5{ခင်ဗျားကို ကျွန်တော်မုန်းတယ်}{Uni}

2.5K 190 1
                                    

{Unicode}

အရွယ်မရောက်သေးသည့် ကလေးတစ်
ယောက်ကို ပြုစုစောင့်ရှောင်ရင်း ကလေး
တစ်ဖက်နှင့်ကျောင်းတက်ရသည်မှာ ရတု
အတွက်တော်တော့်ကို မလွယ်ကူလှချေ။
မောက်ကွန်းငယ်လေး လမ်းစလျှောက်
တတ်ခါစ အရွယ်ရောက်မှသာ ရတု ကျောင်း
ပြန်တတ်၏။

ကျောင်းစာတစ်ဖက် ၊ ကလေးထိန်းရတာ
တစ်ဖက်ဖြင့် ရတု မှာ အတော်ကိုပင်ပန်းရ
ပါသည်။ ဒါပေမဲ့ ကွန်းကွန်း၏ မပီတပီ
စကားသံလေးများကြားလိုက်ရချိန်တွင်
ရတု ပင်ပန်းမှုများဟာ ပျောက်ရှကုန်၏။

စာမေးပွဲနီးလို့ ည ညဉ့်နက်ချိန်ထိစာလုပ်
ရချိန် ကလေးနို့ဆာလို့ နို့တောင်းချိန်တွင်
ကလေးအား နို့ဘူးတိုက်ရင်း စာကျက်ရ
၏။ ကွန်းကွန်းကို ကျောတွင်ချီပိုးပြီး
လမ်းလျှောက် ချော့သိပ်ရင်းလည်း
ရတု စာကျက်ရ၏။

ခွန်းသိုက်က ရတု ပင်ပန်းနေသည်ကို
ကြည့်ရင်း စိတ်မကောင်းဖြစ်၏။ ဒါပေမဲ့
ခွန်းသိုက်ကို ထပ်ပြီး ဒုက္ခမခံစေချင်တော့
ပါ။ ဘယ်လိုပင်ပန်းတဲ့အခက်အခဲမျိုးပဲ
ဖြစ်ဖြစ် ကြံ့ကြံ့ခံမည်ဟုသာ ရတု ဆုံးဖြတ်
ထား၏။ ကွန်းကွန်း အတွက် သူဟာ
လုံခြုံနွေးထွေးတဲ့ ရင်ခွင်တစ်ခုကို ဖန်ဆင်း
ပေးနိုင်သည့် ဖခင်တစ်ယောက် ဖြစ်ကိုဖြစ်
ရမည်။

၅နှစ်ခန့်ကြာပြီးနောက်>>>

ဂျပန်တက္ကသိုလ်၏ ကျောင်းဝန်းကျယ်ကြီး
ထဲတွင် ဘွဲ့ဝတ်စုံများဖြင့် မိသားစု သူငယ်ချင်း
များနှင့် စုရုံးကာ ဓာတ်ပုံရိုက်နေကြသော ဘွဲ့ရ
ကျောင်းသားကျောင်းသူများက နေရာအနှံ့အပြား။

နေရောင်ခြည်နုနုသည် မြက်ခင်းစိမ်းတွေဆီသို့
ဖြာကျနေ၏။ ရတု သူငယ်ချင်းများနှင့် ဓာတ်ပုံ
စုရိုက်နေရင်း အသက်၄နှစ်အရွယ်သာရှိသေး
သော ကွန်းကွန်းက ဘွဲ့ဝတ်စုံဝတ်ထားသည့်
အရုပ်လေးတစ်ရုပ်ကိုင်ကာ မြက်ခင်းစိမ်းများ
ပေါ်မှ ဖြက်လျှောက်ရင်း ရတု ဆီသို့ပြေးလာ၏။

"ပါပါး....!! "

"ကွန်းကွန်း....."

ရတု သူ့ထံသို့ပြေးလာသော ကွန်းကွန်းကို
ဆီးကြိုးကာ ရင်ခွင်ထဲဆွဲသွင်းပွေ့ဖတ်လိုက်
၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now