Chapter-15{ကြေမွအသည်း}{ZG}

486 28 3
                                    

{Zawgyi}

မနက်စာစားပွဲဝိုင်းတွင် အေးစက်ခြင်းသာ
စိုးမိုးနေ၏။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်
နေသော ဦးရှင်းကလည်း သူနှင့် ကွန်းကွန်း
ကိုတစ်ချက်ပင် မကြည့်ဘဲ မနက်စာဆီကို
သာ အာရုံစိုက်စားနေ၏။ သ်ို့သော် သားဖြစ်
သူကတော့ ဦးရှင်းကို မဝံ့မရဲဖြင့် ခဏခဏ
ခိုးကြည့်နေ၏။

"သား..မူကြိုနောက်ကျတော့မယ်လေ..။
ငေးမနေဘဲ မြန်မြန်စားတော့နော်"

"ဟုတ်ကဲ့ပါ..ပါပါး! ဒီနေ့ ကွန်းကွန်းကို
မူကြိုလိုက်ပို့ရင် ဦးဦးရှင်းကော ပါမှာလား
ဟင်"

ကွန်းကွန်းမေးလိုက်တော့ ဦးရှင်းက စားနေ
သည့် ခရင်းကို အသံမြည်အောင်ချလိုက်ပြီး
ရေတစ်ငုံသောက်ကာ စားပွဲဝိုင်းကနေ ထ,လိုက်
၏။

"သားရှင်း..တော်ပြီလား? ဘာမှလည်း သိပ်
မစားရသေးဘူးကော..မကြိုက်ရင် နောက်
တစ်မျိုးပြင်ခိုင်းလိုက်မယ်လေ"

"တော်ပါပြီ..! အန်တီသွေး..ကျွန်တော်
ဆက်ပြီးစားနေရင် မမြင်ချင်တဲ့ မျက်နှာ၊
မကြားချင်မိတဲ့ အသံတွေကြောင့် အစာ
မကြေဖြစ်နေလိမ့်မယ်"

ရှင်းက ရတုနှင့် ကွန်းကွန်းကို မျက်လုံးလေး
တစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်စကားကို
ရတုက သူ့ကိုရည်ညွှန်းနေမှန်းသိပုံရ၏။ သူ
ပြောသည့် စကားတွေကို ဂရုမစိုက်သလို
မထိတထိ မျက်နှာဟန်ဖြင့် မနက်စာကိုသာ
ဆက်စားနေ၏။ သို့သော် ထိုကလေးလေးက
တော့ သူ့ကို မျက်လုံးဝိုင်းလေးဖြင့် ငေးမော
ကြည့်နေ၏။

"ဦးဦးရှင်း..အစာကိုများများစားနော်..။
ပါပါးကပြောဖူးတယ်..မနက်စာဆိုရင်
များများစားရတယ်တဲ့"

သူ့ကိုကြည့်ရင်း မဝံ့မရဲဖြင့် ပြောလာသော
ကွန်းကွန်းကို သူစီးမိုးကြည့်ရင်း...၊

"ဒါဆိုရင် မင်းနဲ့မင်းအဖေ ငါတ်ို့နဲ့မနက်စာ
တစ်ဝိုင်းထဲလာမစားနဲ့လေ။ မင်းတို့သားအဖ
နှစ်ယောက်ကိုမြင်နေရတာ ရင်ခံတယ်။ မင်း
တို့မျက်နှာကိုသာမမြင်ရရင် ငါဒီ့ထက်ပိုပြီး
အစာများများဝင်နိုင်မယ်ထင်တယ်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now