Chapter-9{အရှုံးသမားဗီလိန်}{Uni}

2.1K 170 29
                                    

{Unicode}

ဦးရှင်းခန့်မော်ကွန်းနဲ့အတူလိုက်ရမည့် ပထမ
ဦးဆုံးပွဲမို့ ရတု သေချာပင်ပြင်ဆင်နေမိ၏။
နက်ပြာရောင် အနောက်တိုင်း ဝတ်စုံပြည့်ဖြင့်
ရတု သွင်ပြင်သည် ရှင်းသန့်ကြည်လင်နေ၏။
ရတု ကသူ့မျက်နှာကို မှန်ရှေ့တွင် ခဏခဏ
ကြည့်နေသည်ကို မွေ့ရာပေါ်တွင် ထိုင်နေသော
သားဖြစ်သူက မျက်မှောင်ကုတ်ထိုင်ကြည့်နေ၏။

"ပါပါး...."

"ဗျာ..ဗျ..."

"ပါပါး..ဘယ်သွားမှာမို့ မှန်ကို ခဏခဏကြည့်
ရတာလဲ"

"ပါပါးက ညစာစားပွဲသွားရမှာမို့လို့ပါ ကွန်းကွန်းရဲ့"

"ကွန်းကွန်းကော လိ်ုက်လို့မရဘူးလား"

အရုပ်လေးကို ဖက်ရင်း သူ့ကိုကြည့်ကာပြောနေ
တဲ့ သားဖြစ်သူကြောင့် ရတု မှန်ရှေ့ကနေ ခွာ
လိုက်ကာ သားဖြစ်သူရှေ့လျှောက်သွားပြီး....၊

"သိပ်မကြာခင်တော့မှာပဲ ကွန်းကွန်းလေးကို
ပါပါး ညစာစားပွဲတွေကို ခေါ်သွားလို့ရတော့မှာ"

"အခုက ဘာလို့မရတာလဲဟင်"

"အခုကတော့ ပါပါးမှာ လုပ်စရာလေးတွေရှိ
သေးလို့ ကွန်းကွန်း လိ်ုက်လို့မရသေးတာ။
နောက်ဆို ပါပါး ခေါ်မယ်နော်"

"Promise! နော် ပါပါး"

"Promise! ပါဗျ"

သားဖြစ်သူနှင့် လက်သန်းလေးချင်းချိတ်ကာ
ရတု ကတိပေးလိုက်မိ၏။

"ကွန်းကွန်း..ပါပါး သွားတော့မယ်! ကြီးကြီးဝေ
ပြောတဲ့စကားကို နားထောင်နော်..8နာရီထိုးရင်
ပါပါး သင်ပေးထားသလို သွားကို သေချာတိုက်
ပြီးရင် ဘုရားရှိခိုးနော်"

"Yes, ပါပါး"

"လာ...! ပါပါး အာဘွားပေးအုံးမယ်"

ရတု..ကွန်းကွန်းရဲ့ ပါးလေးနှစ်ဖက်ကို ရွှတ်ခနဲ
ပင် နမ်းလိုက်ပြီးမှ အောက်ထပ်သို့ ဆင်းလာခဲ့
သည်။ ကားသော့ကိုဆွဲယူလိုက်ပြီးမှ ရတု
အတွေးတစ်ချက်ဝင်လာတာကြောင့် ကားသော့
ကို ပြန်ချပြီး တက္ကစီငှားရန် လမ်းထိပ်ကိုသာ
ထွက်လာခဲ့သည်။

တက္ကစီကားပေါ်သို့ ရတု တက်လိုက်ပြီး ကား
သမားကို လိပ်စာပြောလိုက်၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now