Chapter-19{ဝဋ်ကြွေး}{Uni}

2.1K 176 33
                                    

{Unicode}

"သားရတု...!"

လက်ဖဝါးမှနာကျင်မှုကို လျစ်လျူရှု့ကာ
အသက်မဲ့စွာထိုင်နေသော ရတုထံသို့
ကြီးကြီးဝေက အပြေးရောက်လာပြီး
သွေရောင်တို့ဖျော့တော့နေသည့် ရတု
မျက်နှာလေးကို စိတ်မကောင်းသလိုကြည့်
လေသည်။

"ကြီးကြီးဝေ..သိလား? ကျွန်တော်ကလေ
သိပ်ကို မိုက်ရူးရဲဆန်တဲ့ လူတစ်ယောက်ပဲ။
ကိုယ့်ကို မုန်းတဲ့သူတစ်ယောက်အတွက်နဲ့
ကိုယ့်ကိုယ်ကိုယ်နာကျင်အောင် လုပ်ခဲ့မိတာ။
ကျွန်တော့်ရင်တစ်ခုလုံး စုတ်ပြတ်သတ်နေခဲ့
ပြီ။ နာကျင်မှန်းသိရက်နဲ့ ဒီအမုန်းညွှတ်ကွင်း
ထဲကို ကျွန်တော် ကိုယ်တိုင် လိုလိုလားလားနဲ့
ကို ဆင်းသက်ခဲ့မိတာ"

ပါးပြင်ပေါ်တွင် မခြောက်သွေ့သေးသည့်
မျက်ရည်စကိုဖိသုတ်လိုက်ကာ ကြေကွဲရိပ်
ဆွတ်နေသည့် အသံလေးဖြင့်ပြောလိုက်တော့
ကြီးကြီးဝေက ရတုကို နှစ်သိမ့်ပေးလေသည်။

"သားရယ်..!သားရဲ့ဘေးမှာ ကြီးကြီးဝေ
တစ်ယောက်လုံးရှိပါသေးတယ်ကွယ်။
တစ်ခါတစ်လေမှာ လူတစ်ယောက်ကို
သိပ်ချစ်မိရင်လည်း နာကျင်ရတတ်
သလို၊ သိပ်မုန်းမိရင်လည်း နာကျင်
ရတတ်စမြဲပဲ။ သားရဲ့ရင်ထဲအမုန်းတွေကို
သိမ်းမထားပါနဲ့တော့ကွယ်။ သားရဲ့
အဲ့ဒီနှလုံးသားဆိုတဲ့အရာလေးကလေ
အမုန်းတွေကို သိမ်းဆည်းထား
သင့်တဲ့နေရာတစ်ခုမဟုတ်ဘူး"

"ဒါပေမဲ့ ကျွန်တော် မရှုံးချင်ဘူး ကြီးကြီးဝေ..
အမြဲတမ်းရှုံးခဲ့ရသူမို့ သူ့ကိုလက်စားချေပြီး
အနိုင်ယူချင်မိတယ်"

"လက်စားချေခြင်းတစ်ခုမှာ အနိုင်၊ အရှုံး
ဆိုတာ ရှိလို့လား သားရယ်။ လက်စားချေခြင်း
ရဲ့အဆုံးသတ်မှာ နာကျင်မှုဆိုတာဘဲ စောင့်
ကြိုနေတယ်ဆိုတာ သားသိရဲ့လား"

"............"

ခေါင်းကို ငိုက်စိုက်ချရင်းသာ သူင်ိုနေမိ၏။

"လာပါ..သားရယ်.! သားရဲ့ လက်က အနာကို
ဆေးထည့်ရအောင်နော်..သွေးတွေအများကြီး
ထည့်ထားတာ သွေးထွက်လွန်နေမယ်"

သူ့လက်တစ်ဖက်ကို ကြီးကြီးဝေက တွဲကိုင်
ရင်း ထ,လိုက်တော့ သူ့ခေါင်းထဲ မိုက်ခနဲဖြစ်
သွား၏။ ရုတ်တရက် အမြင်အာရုံတို့ဝေဝါး
လာကာ ဒူးလေးညွှတ်ကျသွား၏။

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now