Chapter-21{ရင်ခုန်သံတ်ို့အစပြုရာ}{Uni}

2.5K 188 16
                                    

{Unicode}

သတိဝင်လာပေမဲ့ မျက်လုံးတို့က မဖွင့်နိုင်
အောင် လေးပင်နေ၏။ ဦးခေါင်းထက်တွင်
နာကျင်မှုတို့က တဆစ်ဆစ်။ လက်ဖျံတွင်
ချိတ်ထားသော ဆေးပိုက်များကြောင့် လက်
တစ်ဖက်က လှုပ်မရအောင်နာကျင်နေလျက်
ရှိ၏။

မျက်ဝန်းတို့ကို ဖြည်းညင်းစွာအားယူဖွင့်
လိုက်ချိန်တွင် သူ့ကို စိုးရိမ်တကြီးကြည့်
နေကြသော လူအများစု၏ မျက်ဝန်းများ
နှင့် ဆုံတွေ့လိုက်ရ၏။

"သားရတု.. အဆင်ပြေရဲ့လား? ဖေဖေ့ကို
မြင်ရလား? ခဏလေးနော်..သားကို ကြည့်
ပေးဖို့ ဆရာဝန်ရောက်လာတော့မယ်"

ခေါင်းကို ခပ်ဖွဖွညိမ့်ပြလိုက်ပေမဲ့ စကား
ပြောဖို့အတွက် အားယူနေရ၏။ ထိုစဉ်
ဆရာဝန်ရောက်လာပြီး သူ့ကိုစစ်ဆေးမှု
များပြုလုပ်ပေးရင်း...၊

"မောင်ရတု..! ဒီမှာရှိတဲ့ လူတွေကို မှတ်မိလား"

"ဟုတ်..မှတ်မိပါတယ်"

"သူက ဘယ်သူလဲ..? သူကကော ဘယ်သူလဲ"

ဆရာဝန်ကြီးက သူ့ဘေးပတ်ပတ်လည်တွင်
ရှိနေသည့် သူများကို လက်ညှိုးထိုးပြရင်း
တစ်ယောက်ချင်းကိုမေးလေသည်။

"ကြီးကြီးဝေ..! ဖေဖေ...! ကွန်းကွန်း...!
ပြီးတော့သူက... သူကဘယ်သူလဲ ဒေါက်တာ"

တစ်ယောက်ချင်းကို သေချာကြည့်ရင်း
ဘယ်သူဘယ်ဝါဆိုတာကို သေချာပြော
နိုင်ပေမဲ့ သူ့ကို ခပ်ညှိုးညှိုးရပ်ကြည့်နေ
သည့် ရုပ်ချောချောလူတစ်ယောက်ကို
တော့ သူ ဘယ်လိုမှကို မသိပေ။

"ရတု..မင်းကိုယ့်ကို မမှတ်မိဘူးလား"

"ခင်ဗျား..ဘယ်သူလဲ? ကျွန်တော့်ကို
သိလို့လား"

ရတုက ရှင်းကို နားမလည်သလိုကြည့်ရင်း
မေးလိုက်၏။

"ဒေါက်တာ..ဒါဘယ်လိုဖြစ်ရတာလဲ?
သူက ကျွန်တော်တစ်ယောက်ထဲကိုပဲ
ဘာလို့ မမှတ်မိရတာလဲ? "

"ခဏလေးနေပါအုံး..! ဒေါက်တာ သူ့ကို
သေချာအောင်မေးကြည့်ပါအုံးမယ်..။
မောင်ရတုက ခေါင်းကို ပြင်းပြင်ထန်ထန်
ထိခိုက်ထားတာဆိုတော့ သူ့အသိညာဏ်က
ရှုပ်ထွေးနေတာလည်း ဖြစ်နိုင်ပါတယ်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now