Chapter-24{ဖြတ်၍မရသော နှောင်ကြိုး}{Uni}

2.3K 190 15
                                    

{Unicode}

"ရှင်း..! ရတုကော မပါလာဘူးလားဟင်!
အန်တီသွေးရဲ့ သားလေးကော ဘယ်မှာလဲ
ဟင်"

သူ စံအိမ်ထဲကို လှမ်းဝင်လိုက်တာနှင့်
ဧည့်ခန်းတွင် ထိုင်နေသော အန်တီသွေး
က သူ့ဆီကို အပြေးရောက်လာ၏။ သူ
ပင့်သက်ရှိုက်လိုက်ပြီး မျက်နှာမကြည်
မလင်ဖြင့် အန်တီသွေးကို ခေါင်းယမ်းပြ
လိုက်မိသည်။

ဒေါ်မြသွေးနီ မျက်နှာလေး ရုတ်ချည်းပင်
ညှိုးကျသွားလေသည်။

"ရတုက အခု ဦးခွန်းမြတ်ဆီမှာ။ ကွန်းကွန်း
လေးကိုလည်း ခေါ်သွားတယ်။ ပြီးတော့
ကျွန်တော်တို့ ကွာရှင်းကြတော့မှာ"

"ဘုရားရေ..! ဘယ်လိုဖြစ်ကြတာလဲ
ရှင်းရယ်! အန်တီသွေးကို ပြောပါအုံး!
အန်တီသွေးက အခုမှ သားနှစ်ယောက်
ရတယ်ဆိုပြီး ပျော်နေရတုန်းရှိသေးတယ်..
အခု ဒီလိုမျိုး ကွဲကြကွာကြမယ်ဆ်ိုတော့
အန်တီသွေး တကယ် စိတ်မကောင်းဘူး
သားရယ်"

"ကျွန်တော် တောင်းပန်ပါတယ်
အန်တီသွေး။ ရတုကို နာကျင်အောင်
အကြိမ်ကြိမ်လုပ်ခဲ့မိတဲ့အတွက် ရတု
ကျွန်တော့်ကို စိတ်နာတယ်ဆိုရင်လည်း
ကျွန်တော် အပြစ်မပြောပါဘူး။ အခုကလည်း
သူ့ဘက်က ကျွန်တော်နဲ့ကွာရှင်းချင်တယ်
ဆိုပြီး ဆန္ဒရှိနေလို့ ကျွန်တော် သူ့သဘော
အတိုင်းလိုက်လျောပေးခဲ့တာပါ။ အားလုံးက
ကျွန်တော့် အပြစ်တွေချည်းပါပဲ"

"သားရှင်း အပြစ်တွေချည်းပဲတော့
မဟုတ်ပါဘူး။ အန်တီသွေးကလည်း
သားရတုအပေါ်မှာ မိခင်တာဝန်မကျေ
ခဲ့သလို၊ ရတု ဒီစံအိမ်ပေါ်ကို ရောက်လာ
တော့လည်း အထက်စီးကနေ မောက်မောက်
မာမာနဲ့ ဆက်ဆံမိခဲ့တာကိုး။ သားရတု
ဘဝလေးက သိပ်ကိုသနားစရာကောင်း
လွန်းပါတယ်။ အန်တီ သိပ် နောင်တရမိ
တာပဲကွယ်"

ဒေါ်မြသွေးနီ မျက်နှာက ညှိုးငယ်နေရှာ
၏။ အရင်လို မောက်မာပြီး အထက်စီး
ဆန်သည့် အရိပ်အယောက်မျိုး ဒေါ်
မြသွေးနီ ထံမှာရှိမနေတော့ပေ။ သူမ
လုပ်ခဲ့မိတဲ့ လုပ်ရပ်တွေအတွက်
နောင်တရနေပုံပေါ်၏။

"ကျွန်တော် ခရီးပန်းလာလို့ ကျွန်တော်
သွားနားတော့မယ်နော်"

𝑊ℎ𝑒𝑛 𝑇ℎ𝑒 𝑀𝑎𝑝𝑙𝑒𝑠 𝐹𝑎𝑙𝑙 𝐼𝑛 𝐴𝑢𝑡𝑢𝑚𝑛 -မေပယ်လ်ကြွေသောဆောင်းဦးဝယ်Where stories live. Discover now